တောင်အာဖရိက ဇူးလူးကပွဲသဘင် ရွာသူနှောင့်ယှက်၍ တဒင်္ဂရပ်ပျက်ပြားသွားခဲ့ဟုဆို

တောင်အာဖရိက ဇူးလူးကပွဲသဘင် ရွာသူနှောင့်ယှက်၍ တဒင်္ဂရပ်ပျက်ပြားသွားခဲ့ဟုဆို

ဂျိုဟန်နက်စဘတ်၊ စက်တင်ဘာ-၈ ။          ။ တောင်အာဖရိက၏ နှစ်စဉ်ကျင်းပနေကျ ဇူးလူးရိအက ပွဲသဘင်မှာ အာရုံမှောက်မှားနေသည့် မိန်းခလေးများက သမ္မတထံသို့ အုပ်လိုက်ပြေးလာကြသည့် အတွက် ပျက်ပြားသွားခဲ့သည်ဟု စက်တင်ဘာ ၈ရက်နေ့ထုတ် ဂျိုဟန်နက်စဘတ် သတင်းစာတစ်စောင်တွင် ရေးသားခဲ့သည်။

ကွာဇူးလူးနက်တယ်ပြည်နယ်တွင် စနေနေ့က ကျင်းပခဲ့သည့် ပွဲသဘင်အတွင်း ကခုန်နေသည့် ဆယ်ကျော်သက် မိန်းခလေးများက အသံများကို ကြားရပြီးနောက် သမ္မတ ဂျက်ကော့ဇူးမားနှင့် ဇူးလူးဘုရင် ဇွဲလီလီသီနီတို့ ထိုင်နေရာ ဧရိယာဆီသို့ အုပ်စုလိုက် တစ်ဟုန်ထိုးပြေးလာကြသည်ဟု ဆိုသည်။

ကိုယ်ရံတော်များက သမ္မတကို ထောင်နှင့်ချီသည့် ရောင်စုံကခြေသည်များမှ ဝေးရာသို့ စောင့်ရှောက်ခေါ်ဆောင်သွားခဲ့ရသည်ဟု The Star သတင်းစာ၏ ရှေ့ဖုန်းတွင် ဖော်ပြခဲ့သည်။

သို့ရာတွင် ကပွဲသဘင်တွင်ရှိနေခဲ့သည့် ဇူးမား၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ သတင်းစာများမှာ ချဲ့ကားလွန်းသည်ဟု ပြောကြားခဲ့သညါ်။

ကပွဲသဘင်တွင် အခြေအနေ ပုံမှန်ပြန်ဖြစ်သွားသည့်အခါတွင် ''မင်းတို့အထဲက တစ်ယောက်ယောက်ဟာ နတ်ဆိုးအပူးခံရပြီး ဒီပွဲကိုဖျက်ဆီးဖို့ ရောက်လာခဲ့တယ်''ဟု ဇူးလူးဘုရင်က ပရိသတ်ကို ပြောကြား ခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ကခြေသည်အချို့မှာ နတ်ဆိုးအပူးခံရသည့်နှယ် ငိုကြွေးနေကြသောကြောင့် ဘုန်းတော်ကြီးများကို ပင့်ဆောင်ခဲ့ရသည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

စနေနေ့ ကပွဲသဘင်တွင် အလားတူအဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ကခြေသည်များမှာ အာရုံများမှောက်မှားလာပြီး ထောင်နှင့်ချီသည့် မိန်းမငယ်များကြားတွင် ရုတ်တရက် ခြောက်ခြောက်ချားချားဖြစ်လာကာ အရပ်ရှစ်မျက်နှာသို့ ကစင့်ကလျားပြေးလွှားနေကြသော်လည်း သမ္မတထံသို့မူ ပြေးလွှားခဲ့ခြင်းမရှိဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly