NLD ကိုယ်စားလှယ်များကို ခိုင်းနိုင်ဖို့ မဲပေးရန် နှိုးဆော်

NLD ကိုယ်စားလှယ်များကို ခိုင်းနိုင်ဖို့ မဲပေးရန် နှိုးဆော်
(သတင်းနှင့် ဓာတ်ပုံ - ဦးလွင်)

စက်တင်ဘာ၊ ၈ ။      ။ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဝင်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးကျော်မင်းလှိုင်က NLD ကိုယ်စားလှယ်များကိုခိုင်းနိုင် ဖို့ NLD ပါတီကို မဲပေးကြရန် ရွှေနံ့သာရပ်ကွက်တွင် ပြုလုပ်သည့် မဲဆွယ် စည်းရုံးမှုတွင် ပြောကြားခဲ့သည်။

“ကျွန်တော့်ကို ယုံကြည်ကြည်နဲ့ ခိုင်းပါ။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အပ်ပါတယ်။ ဥတ္တရသီမြို့နယ် အတွက် ကျွန်တော် တတ်နိုင်သလောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ မြို့နယ်အတွင်း မှာရှိတဲ့ လိုအပ်ချက်အားလုံးကိုလဲပဲ ဒီကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့မှ စွမ်းစွမ်းတမံ ကြိုးစားပါ့မယ်လို့ ကျွန်တော်ကတိပြုပါတယ်" ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥတ္တသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုး၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

ထို့အပြင်နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားလွှတ်တော် အမှတ် (၉)အတွက်ကိုလည်း ပြည်ခိုင်ဖြိုးပတီ၊တိုင်းရင်းသား စည်းလုံးညွတ်ရေးပါတီ၊ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးသန်းဌေးတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေ မဲဆန္ဒနယ် အမှတ် (၉)မှ NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမောင်မောင်ဆွေနှင့် ဥတ္တရသီမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားပြုယှဉ်ပြိုင်မည့် ဦးကေ ျာ်မင်းလှိုင်တို့ စက်တင်ဘာလ ၈ ရက်နေ့က ရွှေနံသာရပ်ကွက်တွင် မဲဆွယ်စည်းရုံး ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly