NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တရားဥပဒေစိုးမိုးရေးအတွက် ရုန်းကန်နေရဟု NLD ထုတ်ပြန်

.

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။          ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုး ပေါ်ပေါက်လာအောင် လှုပ်ရှားရုန်းကန်နေသည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်သည့် နှစ် (၃၀) မြောက်နေ့တွင် ပါတီဗဟိုဌာနချုပ်မှ ထုတ်ပြန်ခဲ့သည့် သ၀ဏ်လွှာ၌ ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

“ ပြည်သူလူထုကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံရေးပါတီဆိုတာ ပြည်သူလူထုအတွက် တရားဥပဒေ စိုးမိုးရေးကိုဖော်ဆောင်ပေးရပါမယ်”ဟုလည်း အဆိုပါထုတ်ပြန်စာတွင်ပါရှိသည်။

ထို့အပြင် NLD ပါတီသည် ပြည်သူလူထုကို တန်ဖိုးထားလေးစားသည့်အတွက် ပြည်သူလူထုဘ၀ လုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရန်လုပ်ဆောင် နေရခြင်းဖြစ်ကြောင်းလည်း NLD ကဆိုသည်။

အကန့်အသတ်များနှင့် စိန်ခေါ်မှုများကြားမှ လာဘ်ပေးလာဘ်ယူပပျောက်ရေးကိစ္စရပ်များကိုလည်း အလေးပေးကိုင်တွယ်နေသည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြားပြိုင်ဘက်များကို အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ထားသည့် ပါတီလည်း ဖြစ်သည်။