NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လှိုင်သာယာတွင် လူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

.

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။          ။ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာတွင် စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်း၌ အမျိုးသားတစ်ဦး အား လူတစ်စုမှ လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လှိုင်သာယာ သောင်ကြီးရဲစခန်းမှ  စုံစမ်း သိရှိရသည်။

“ဟုတ်ပါတယ်၊ တစ်ယောက်မိထားတယ်။ စုံစမ်းစစ်ဆေးပြီးရင် ထုတ်ပြန်ပေးသွားပါမယ်” ဟု လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သတင်းရရှိသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ကားဖြင့် ပြန်လည်ထွက်ပြေးရာတွင် ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးရာ ရန်ကုန် - တွံတေးကားလမ်းမပေါ်တွင် အမျိုးသားတစ်ဦးအား ဖမ်းမိခဲ့ပြီး ကျန်သူများသည် ရေထဲသို့ ခုန်ချထွက်ပြေး သွားခဲ့ကြောင်း ကနဦးသတင်းများအရ စုံစမ်းသိရှိရသည်။

သေနတ်ဖြင့် ပစ်ခံရသူသည် ခင်မောင်လွင်ဆိုသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ပစ်ခတ်ခဲ့ရသည် ဆိုသည်ကို ရဲတပ်ဖွဲ့ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။