NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ရှေးဟောင်းသင်္ဘောပျက်အပိုင်းအစများ ပေါ်တူဂီတွင်တွေ့ရှိ

.

စက်တင်ဘာ ၂၆ ။          ။ ပေါ်တူဂီနိုင်ငံ၊ Tagus မြစ်မှာ သဘောင်္ပျက်ကြီးတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါသင်္ဘောပျက်ကြီးဟာ ပေါ်တူဂီနိုင်ငံကနေ အိန္ဒိယကို သွားတဲ့ ကုန်တင်သင်္ဘောကြီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ (၁၅၇၅ - ၁၆၂၅ ခုနှစ်) ခန့်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါသင်္ဘောပျက်ရဲ့ အပိုင်းအစတွေကို လစ်စဘွန်းမြို့နားက Tagus မြစ်ကမ်းပါးရဲ့ ဟိုးအောက်ခြေမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်လက ပေါ်တူဂီရဲ့ အတ္တလန္တိတ်ကျွန်းဆွယ်နားက Tagus မြစ်ကမ်းပါးကို သောင်ခုတ်စက်နဲ့ ဖြိုချရာမှာ အဆိုပါကုန်တင်သင်္ဘောပျက်ကြီးကို တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပေါ်တူဂီ ရှေးဟောင်းသုတေသန ပညာရှင်တွေအနေနဲ့ သင်္ဘောပျက်အပိုင်းအစတွေကို ပြန်လည်စုစည်းတဲ့ စီမံကိန်းလုပ်ဆောင်နေရာမှ ယခုလို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။