NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လည်ပင်းကို ဓားနဲ့ အထောက်ခံရပြီးမှာ ကုန်သွယ်ရေးဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဟု တရုတ် ပြော

.

ပေကျင်း၊ စက်တင်ဘာ ၂၅ ။           ။ အမေရိကန်ရဲ့ သွင်းကုန်စည်းကြပ်ခွန်တွေ တိုးမြှင့်ပြဌာန်းထားတာဟာ တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့ ထောက်ထားသလိုပဲ ဖြစ်တာကြောင့် ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ဆိုတာ မဖြစ်နိုင်ကြောင်း စက်တင်ဘာ ၂၅ ရက်မှာ တရုတ်က ပြောလိုက်ပါတယ်။

တရုတ်ကုန်စည် ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးအပေါ် အမေရိကန်က ပြဌာန်းတဲ့ သွင်းကုန်ခွန်တွေ အသက်ဝင်လာပြီး နောက်တစ်ရက်မှာပဲ တရုတ် ဒုတိယကုန်သွယ်ရေးဝန်ကြီး ဝေါင်ရှုဝန်က တရုတ်နိုင်ငံအနေနဲ့ စေ့စပ်ညှိနှိုင်းရေးတွေကို တံခါးဖွင့်လှစ်ထားပေမယ့် နှစ်ဖက်စလုံးဟာ သာတူညီမျှရှိပြီး အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံဖို့ လိုကြောင်း ပြောလိုက်ပါတယ်။

“ခုဆိုရင် အမေရိကန်က ကြီးမားတဲ့ ကုန်သွယ်ရေးကန့်သတ်ချက်တွေ ပြဌာန်းလာပြီ။ သူတို့ဟာ တစ်စုံတစ်ဦးရဲ့ လည်ပင်းကို ဓားနဲ့ ထောက်ထားတာပဲ။ ဒီလိုမျိုးအခြေအနေမှာ ဘယ်လိုများ စေ့စပ်ဆွေးနွေးသွားဖို့ တတ်နိုင်မှာလဲ။”လို့ ဝေါင်ရှုဝန်က ဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနုချင်က ကုန်သွယ်ရေးဆွေးနွေးပွဲသစ်တွေ ကျင်းပဖို့ တရုတ်ကို ဖိတ်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးစစ်ပွဲမှာ နောက်ဆုံးအရှိန်မြှင့်တင်လို့ တမင်လုပ်ဆောင်ဟန် ရှိတဲ့ တရုတ်ကုန်စည်တွေ နောက်ထပ် ဒေါ်လာ ၂၆၇ ဘီလီယံအပေါ် သွင်းကုန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

Tags: