NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တေးသံရှင် D ပိုင်ရဲ့ “သာမန်လူ” တေးစီးရီးအယ်လ်ဘမ်သစ် မိတ်ဆက်

.

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။              ။  “သာမန်လူ” လို့နာမည်ပေးထားတဲ့ တေးသံရှင် D ပိုင် ရဲ့ တစ်ကိုယ်တော်တေးစီးရီးအယ်လ်ဘမ်အသစ် စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာ ၂၅  ရက်နေ့က Orchid Hotel မှာပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တေးစီးရီးမှာ သီချင်းအပုဒ်ပေါင်း (၁၀) ပုဒ်ပါဝင်ပြီး သီချင်းအမျိုးအစားများမှာ Rock ကို အခြေခံထားတဲ့ သီချင်းအမျိုးအစားတွေဖြစ်တယ်လို့ D ပိုင်ကပြောပါတယ်။

“ တစ်ကိုယ်တော်ခွေလေးကတော့ ကျွန်တော့်အိမ်မက်ပေါ့နော်။ စိတ်ကူးထားတာတော့ကြာပြီပေါ့ အခုမှ အကောင်အထည်ဖော်ဖြစ်တာပါ။ သာမန်လူထဲမှာ သီချင်းက ၁၀ ပုဒ်ပါမယ်။ အဓိက Rock ကို အခြေခံထားတာပါ။ Rock အချိုတွေများပါတယ်။ အပြင်းစားတွေတော့ သိပ်မပါဘူး”လို့ D ပိုင်ကဆိုပါတယ်။

တေးသံရှင် Dပိုင်က  “သာမန်လူ” ဆိုတဲ့နာမည်ကိုကြိုက်နှစ်သက်တာကြောင့် တစ်ကိုယ်တော်တေးစီးရီး အယ်လ်ဘမ်နာမည်ကို ပေးရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သာမန်လူ”  တေးစီးရီးကို စက်တင်ဘာ ၂၇ ရက်ကစတင်ပြီး The Sun Music Production ကနေ တစ်နိုင်ငံလုံးကိုဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။