NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ထိုင်းလူငယ် ၁၂ ဦးနဲ့ နည်းပြတို့အား လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ တက်ရောက်အားပေးရန် ဖိတ်ခေါ်

.

စက်တင်ဘာ ၂၅ ။            ။ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီက အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့် လူငယ် အိုလံပစ် အားကစားပြိုင်ပွဲ တက်ရောက်ဖို့ ထိုင်းကလေးငယ် ၁၂ ဦးနဲ့ နည်းပြတို့ကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို လာမယ့် အောက်တိုဘာလ၊ ၆ ရက်ကနေ ၁၈ ရက်အထိ  အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

တောဝက် ဘောလုံးအသင်းအဖွဲ့ဝင်တွေဖြစ်တဲ့ ထိုင်းလူငယ် ၁၂ ဦးနဲ့ နည်းပြတို့ဟာ ၎င်းတို့ရဲ့ မိသားစုနဲ့အတူ လူငယ် အိုလံပစ် အားကစားပြိုင်ပွဲကို အားပေးကြည့်ရှုမယ်လို့ သိရပါတယ်။

ထိုင်းကလေးငယ်တွေအနေနဲ့ အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာ ဖြစ်သလို တခြားအားကစားသမားတွေနဲ့လည်း ရင်းရင်းနှီးနှီးဘောလုံးကစားသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

တောဝက်အသင်းက အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ရှိ ကလေးငယ် ၁၂ ဦးနဲ့ နည်းပြတို့ဟာ ဇွန် ၂၃ ရက်က ဘောလုံးလေ့ကျင့်အပြီး ထမ်လွန်လိုဏ်ဂူထဲ ဝင်ရောက်ချိန်မှာ မိုးသည်းထန်ရာကနေ လိုဏ်ဂူတွင်း ရေလျှံပြီး ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့ပြီးမှ အားလုံးကို ပြန်လည်ကယ်ထုတ်နိုင်တဲ့ ၎င်းတို့သတင်းက ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပါတယ်။