NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပါရီမြို့ ရေနေသတ္တ၀ါပြတိုက်ထဲက မိကျောင်းခေါင်းတိုတွေကို နေရာသစ်ဆီ ပြောင်းရွှေ့

.

စက်တင်ဘာ ၂၅ ။          ။ ပြင်သစ်နိုင်ငံ ပါရီမြို့က Porte Doree ရေနေသတ္တ၀ါပြတိုက်ထဲမှာ အဖြူရောင် မိကျောင်းခေါင်းတိုအမတွေကို နေရာသစ်ဆီ ပြောင်းရွှေ့ပေးတဲ့ မစ်ရှင်တစ်ရပ်ကို ဆောင်ရွက်နေလျက်ရှိပါတယ်။

အဆိုပါ ဖြူဖြူဆွတ်ဆွတ် မိကျောင်းခေါင်းတို အမတွေကတော့ အရွယ်အစားက အတန်ငယ် ကြီးလွန်းတဲ့အတွက် ရွှေ့ပြောင်းသယ်ရတဲ့နေရာမှာ ခက်ခက်ခဲခဲ လုပ်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါ မစ်ရှင်ကို ဆောင်ရွက်တဲ့ အဖွဲ့သားတွေအနေနဲ့ မိကျောင်းတွေကို လက်နဲ့ပဲ သယ်ယူရွှေ့ပြောင်းကြပါတယ်။

ယင်း ခေါင်းတို မိကျောင်းဖြူတွေကတော့ အရှည်က အများဆုံး ငါးမီတာအထိ ရှည်ပြီး အလေးချိန် ကီလို ၈၀ ကျော် လေးတယ်လို့ သိရပါတယ်။

" ဒီ မိကျောင်းခေါင်းတိုတွေကတော့ တစ်ခြား တွားသွားတွေလိုပဲ ကမ္ဘာကြီး ပူနွေးမှုရဲ့ ခြိမ်းခြောက်မှုနဲ့ ခံနေကြရပါတယ်၊ တကယ်လို့ အပူချိန်မြင့်နေရင် သူတို့ဥတွေ သားပေါက်ချိန်မှာ ဖြစ်သွားနိုင်တာက လိင်တစ်မျိုးတည်းတွေဆီပဲ ဦးတည်သွားစေနိုင်ပါတယ်၊ အဲဒီလိုဆိုရင် ထပ်ပြီး မျိုးပွားဖို့ဆိုတာ တော်တော်ခက်သွားပါလိမ့်မယ်၊ ဒါကြောင့်မို့ ခုလို နေရာပြောင်းရွှေ့ရတာပါ" ဆိုပြီး ပြတိုက် ဒါရိုက်တာ ဒိုမစ်နစ် ဒူချီက ပြောသွားပါတယ်။