အမေရိကန်ကုမ္ပဏီများက ရေဘေးအတွက် ဒေါ်လာ ငါးသိန်းကျော် ကူညီပြီးဖြစ်

အမေရိကန်ကုမ္ပဏီများက ရေဘေးအတွက် ဒေါ်လာ ငါးသိန်းကျော် ကူညီပြီးဖြစ်
Photo Credit - U.S. Embassy Rangoon

စက်တင်ဘာ ၈ ရက် ။         ။ မုတ်သုံမိုးသည်းထန်ခြင်းနဲ့ အပူပိုင်းမုန်တိုင်း ကိုမန်ကြောင့် ဖြစ်ပွားရသည့် ရေဘေးသင့် မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ကုမ္ပဏီများအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်ဟု စက်တင်ဘာ ၄ ရက်နေ့က အမေရိကန်-အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များကောင်စီက ကျင်းပသည့် တွေ့ဆုံပွဲ၌ အမေရိကန်သံရုံး ဒုတိယသံအမတ် ခရစ္စတင်ဘောင်ဝါက အလေးထားပြောကြားခဲ့သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် (သဘာဝဘေးဒဏ်ခံရသည့်) ပြည်သူများ၏လက်ငင်းလိုအပ်ချက်များ ကိုဖြည့်ဆည်းပေးရုံသာမက ကာလနှစ်နှင့်ချီ၍ တည်တံ့နိုင်မည့်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်၌လည်း အကူအညီများပေးနေပြီး စီးပွားရေးဆိုင်ရာ လူမှုရေး တာဝန်ယူမှု သံန္နိဋ္ဌာန်ကို လက်တွေ့အကောင်အထည်ဖော်နေကြသည်ဟုဆိုသည်။

အမေရိကန်-အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေး ရည်ရွယ်ဖွဲ့စည်းခဲ့သည့် နှစ်ပေါင်း ၃၀ သက်တမ်းရှိ အမေရိကန်-အာဆီယံ စီးပွားရေးလုပ်ငန်းရှင်များကောင်စီ၌ AT&T ၊ Chevron Corporation ၊ Coca-Cola ၊ Exxon-Mobil ၊ General Electric ၊ Intel ၊ Philip Morris International ၊ FedEx  နှင့် Google ကဲ့သို့သော အမေရိကန်ရှိ အကြီးမားဆုံး ကုမ္ပဏီ ၁၄၀ ကျော် ပါဝင်သည်။

Ref; U.S. Embassy Rangoon

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly