NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

နာမည်ကြီး အမျိုးသား၊ အမျိုးသမီး တေးသံရှင် ၂ ဖွဲ့ခွဲ၍ M United Collection ထွက်ရှိမည်

.

ရန်ကုန်၊စက်တင်ဘာ ၂၄ ။           ။ နာမည်ကြီး အမျိုးသား၊ အမျိုးသမီး တေးသံရှင် ၂ ဖွဲ့ခွဲ၍ တေးသံရှင်များစွာ ပါဝင်သီဆိုထားသည့် M United Collection Volume 1၊ 2 အဖြစ် နှစ်ခွေထွက်ရှိသွားမည်ဟု သိရသည်။

 “ ကျွန်တော်တို့ M United Collection Volume 1၊ 2 အခွေမှာ ပါဝင်သီဆိုပေးကြတဲ့ တေးသံရှင် တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီအခွေနှစ်ခွေမှာ ထူးခြားချက်က တေးသံရှင်တွေက ကိုယ်တိုင် ရေးတဲ့သီချင်းတွေရော၊ တစ်ယောက်ကို သီချင်းတစ်ပုဒ်စီနဲ့ဆိုထားတာဖြစ်ပါတယ်။ အမျိုးသား တေးသံရှင် အခွေကတော့ ၂၉ရက်နေ့မှာ ထွက်ဖို့ စီစဉ်ထားတယ်။ အမျိုးသမီးတေးသံရှင် အခွေကိုတော့ အောက်တိုဘာ လထဲမှာ ထွက်ရှိနိုင်အောင် စီစဉ်နေပါတယ်” ဟု M United မှ တာဝန်ရှိသူက ပြောသည်။

M United Collection Volume 2 အခွေတွင် အမျိုးသမီးတေးသံရှင်များဖြစ်ကြသည့် ချမ်းချမ်း၊ အိမ့်ချစ်၊ ခင်စုစုနိုင်၊ လိမ္မော်သီး၊ ဂေးဂေး၊ ၀ိုင်းလေး၊ ရွယ်ရွယ်၊ ၀တ်ရည်ထက်၊ ကေကေမိုး၊ Jewel နှင့် ထက်ထက်မြင့်အောင်တို့က ပါဝင်သီဆိုထားသည်။

“ အိမ့်ချစ်တို့ မောင်နှစ်မတွေအများကြီးစုပြီးတော့ အခွေလေးထုတ်ဖြစ်တယ်။ အခွေကတော့ Volume 1၊ Volume 2 ဆိုပြီး ခွဲပြီးထုတ်ထားတယ်။ အားလုံးက ကိုယ်တိုင်ရေးထားတဲ့သီချင်းတွေလည်းဆိုမယ်။ တခြားသူရေးပေးတဲ့သီချင်းလည်း ပါမယ်ပေါ့နော်။ အခွေနှစ်ခွေစလုံးမှာ Group ဆိုထားတဲ့ သီချင်းလည်း ပါပါတယ်။ နောက်ပြီးတော့ အိမ့်ချစ်ရဲ့မောင်လေး Junior ချစ်ကောင်းလည်း ဒီအခွေလေးထဲမှာ ပါဝင်သီဆိုထားပါတယ်။ တေးသံရှင်တွေအများကြီးစုပြီး ဆိုထားတဲ့ ဒီအခွေနှစ်ခွေစလုံးကို ပရိသတ်တွေ အားပေးပါဦး” ဟု တေးသံရှင် အိမ့်ချစ်က ပြောသည်။

အဆိုပါ M United Collection Volume 1 တွင် အမျိုးသား တေးသံရှင်များဖြစ်ကြသည့် ဟဲလေး၊ ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ ကျော်ဇင်မင်း၊ ထက်မွန်၊ Mဇော်ရိန်၊ ဇော်မင်းဦး၊ နေမင်းအိမ်၊ ကီးရှိန်း၊ ဝေကြီး၊ ရဲရဲသဏ္ဍာန်နှင့် Junior ချစ်ကောင်းတို့က သီဆိုထားပြီး ယင်းသီချင်းခွေကို လာမည့် စက်တင်ဘာ ၂၉ရက်တွင် ထွက်ရှိမည်ဖြစ်သည်။