ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီဥက္ကဌအဖြစ် နောက်ထပ်သုံးနှစ်သက်တမ်း အနိုင်ရရှိ စီးပွားရေးကို ပုံအောမြှင့်တင်သွားမည်ဟု ကတိပြု

ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီဥက္ကဌအဖြစ် နောက်ထပ်သုံးနှစ်သက်တမ်း အနိုင်ရရှိ စီးပွားရေးကို ပုံအောမြှင့်တင်သွားမည်ဟု ကတိပြု

တိုကျို၊ စက်တင်ဘာ - ၈ ။         ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးမှာ စက်တင်ဘာလ ၈ ရက်နေ့တွင် အာဏာရပါတီအကြီးအကဲအဖြစ် ဒုတိယသက်တမ်းကို ရှားရှားပါးပါး အနိုင်ရလိုက်သောကြောင့် ကမ္ဘာ့တတိယအကြီးမားဆုံး စီးပွားရေးကြီးကို ပြည်လည်သွေးသစ်လောင်းမည့် ကတိကဝတ်နှင့်အတူ လက်ရှိ စစ်မလိုလားသည့် ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေး အခြေအတင်အငြင်းပွားမှုမှာလည်း ပိုမိုနက်ရှိုင်းသွားတော့မည်ဖြစ်သည်။

၎င်း၏တစ်ဦးတည်းသော ပြိုင်ဘက် လစ်ဘရယ.် ဒီမိုကရတ်ပါတီ (LDP) အမှုဆောင်ဟောင်း ဆီကို နိုဒါက ပါတီမဲပေးပွဲတွင် စိန်ခေါ်ယှဉ်ပြိုင်ရန် လုံလောက်သောစပွန်ဆာမရှိခဲ့သဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ တွင်အာဏာရလာစဉ်က တန့်အီနေသောစီးပွားရေးကို ပြန်နိုးပြိး ဂျပန်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်မည်ဟု ကတိပြုခဲ့သည့် အာဘေးကပင် LDP ဥက္ကဌအနေဖြင့် နောက်ထပ် ၃နှစ်သက်တမ်းကို အနိုင်ရရှိသွားခဲ့ခြင်းပင် ဖြစ်သည်။

''ကျင့်ဝတ်စံနှုန်းမြင့်မားတဲ့ စီးပွားရေးအသိုက်အဝန်းတစ်ခုကို ဖန်တီးရင်းနဲ့ပဲ နိုင်ငံတစ်ဝန်းလုံးက ထောင့်တိုင်းနေရာတိုင်းမှာ နာလံထမှုခံစားချက်ကို ဖြန့်ကျက်မှာဖြစ်သလို၊ စီးပွားရေးကြုံ့ဝင်မှုမှ လုံးဝရုန်း ထွက်ပြီး သန်မာတဲ့ အနာဂတ်မျှော်စီးပွားရေးစနစ်တစ်ရပ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးမှာပါ''ဟု အာဘေးက မဲပေးရန်အတွက် မှတ်ပုံမတင်မီတွင် ၎င်းအားထောက်ခံသူလူအုပ်ကို ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ မွေးဖွားမှုနိမ့်ကျမှုနှင့် သက်ကြီးရွယ်အိုလူဦးရေများပြားမှု ပြဿနာကိုလည်း ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။    

ပြင်ဆင်ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဂျပန်၏ စစ်ပြီးခေတ် စစ်မလိုလားသည့် ဖွဲ့စည်းပုံကို သုံးသပ်ပြင်ဆင်ရေး လူထုဆွေးနွေးပွဲများကိုလည်း ပိုမိုနက်ရှိုင်းသွားစေမည်ဟုလည်း အာဘေးက ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။ စစ်တမ်းများအရ ဂျပန်နိုင်ငံသားအတော်များများက ဖွဲ့စည်းပုံ၏ စစ်မလိုလားသည့် ပုဒ်မ ၉ကို ပြင်ဆင်ပြောင်းလဲနိုင်မှုအပေါ် စိုးရိမ်နေကြသည်ဟု ဆိုသည်။

ယမန်နှစ်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်တပ်များကို ပြည်ပတွင် တိုက်ခိုက်ခွင့်ပြုစေမည့် လူကြိုက်မများလှသည့် ဥပဒေကို အဆိုပြုတွန်းတင်ရာတွင် နိုင်ငံရေးအသုံးစရိတ်ကို သုံးစွဲခဲ့ပြီးနောက် အာဘေး၏ ပေါ်လစီအဖွဲ့က တန်ခိုးအရှိန်စော်ကင်းမဲ့နေသည့် စီးပွားရေးအပေါ် ပြန်လည်စူးစိုက်မြှုပ်နှံသွားရန် ကတိပြုခဲ့သည်။

ဂျူနီချီရို ကိုအိဇုမိတစ်ယောက်သာလျှင် ၂၀၀၁မှ ၂၀၀၆ခုနှစ်အထိ ရှားရှားပါးပါး ဝန်ကြီးချုပ်သက်တမ်း ၅နှစ်အထိ ထမ်းဆောင်ခဲ့သည်မှလွဲ၍ အာဘေး၏ ၂၀၀၆-၂၀၀၇ ကမောက်ကမ ပထမသက်တမ်းမှ အစပြုကာ ဂျပန်နိုင်ငံရေးတွင် ဆုံလည်တံခါးလို ခေါင်းဆောင်များ အဝင်အထွက်များခဲ့သည်။ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ခုနှစ်မတိုင်မီအထိ ကျင်းပဦးမည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly