အငြင်းပွား ဟောင်ကောင်-တရုတ်ပြည်မ မြန်နှုန်းမြင့် မီးရထားလမ်း စတင်ဖွင့်လှစ်

.

စက်တင်ဘာ ၂၃ ။          ။ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးအကြား ချိတ်ဆက်ထားတဲ့ မြန်နှုန်းမြင့် မီးရထားလမ်းကြောင်းတစ်ခုကို စက်တင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျခဲ့တဲ့ အဆိုပါ ပရောဂျက်ကတော့ ဟောင်ကောင်မြို့ရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းကို ပေကျင်းအစိုးရထံသို့ လွှဲအပ်ပေးလိုက်သလို   ဖြစ်စေခဲ့တယ်ဆိုပြီး  ဝေဖန်သူတွေဘက်က ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။

အဆိုပါ အငြင်းပွားဘူတာရုံကို တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဟောင်ကောင်မှာ ပထမဆုံး စတင်ဖွင့်လှစ်ချိန်မှာတော့ လုံခြုံရေးတွေ အထူးတင်းကြပ်ထားခဲ့ပါတယ်။

တရုတ် ပြည်မကြီးမှာ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံနိုင်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေလင့်ကစား ရာနဲ့ချီတဲ့ ခရီးသည်တွေကတော့ ယင်းဘူတာရုံမှာ စတင်စုရုံးရောက်ရှိနေကြလျက်ရှိကြောင်း သိရပါတယ်။

ဝေဖန်သူတွေက ဒီ ရထားလမ်းကြောင်းဟာ ဟောင်ကောင်ရဲ့ လွတ်လပ်မှုအပေါ် ထိပါးစေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပေမယ့် အစိုးရတာဝန်ရှိသူတွေကတော့ ဒါဟာ ဟောင်ကောင်အတွက်ရော၊ တရုတ်ပြည်မကြီးအတွက်ပါ စီးပွားရေးရာ ပိုမိုတိုးတက်စေဖို့ ရှိတယ်လို့ ဆိုထားပါတယ်။