NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အဖေမရှိတော့တဲ့ ခံစားချက်နဲ့ “ အဖေ” သီချင်းကို သီဆိုထားတယ်ဆိုတဲ့ တေးသံရှင် G ဆိုင်း

.

ရန်ကုန်၊ စက်တင်ဘာလ ၂၃ ။           ။ နာမည်ကျော် ဆောင်းဦးလှိုင်၊  ဇ၀ါ ၊ လင်းနစ်တို့ ပါဝင်ရေးသားတဲ့ သီချင်းတွေကို ကချင်တိုင်းရင်းသူ တေးသံရှင် G ဆိုင်း က " အလွမ်းမိုး" လို့ အမည်ပေးထားတဲ့ VCD တေးစီးရီးထဲမှာ ထည့်သွင်းသီဆိုခဲ့ပါတယ်။

Slow Rock နှင့်Pop သီချင်းအေးအေးလေးတွေ ပါဝင်ပြီး အဖေမရှိတော့တဲ့ ခံစားချက်နဲ့ “ အဖေ” တေးသီချင်းကို သီဆိုထားတယ်လို့ G ဆိုင်း က ပြောပါတယ်။

" အခက်ခဲတွေ ရှိတယ်။ ဒီအခွေပြီးဖို့ကို CD နဲ့ DVD ကြားမှာ ၆ နှစ်၊ ၇ နှစ်လောက် အချိန်တော်တော်ကြာ သွားတယ်။ ဒါပေမယ့် ဒီအခွေကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ အခက်ခဲတွေ အမျိုးမျိုးတော့ ဖြတ်ကျော်ခဲ့ရပါတယ်။ ဒီအခွေထဲမှာ “ အလွမ်းမိုး ” သီချင်းနဲ့ “ အဖေ” သီချင်းကိုတော့ အကြိုက်ဆုံးပါပဲ။ နားထောင်တဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့လည်း ထင်ပါတယ်။ “ အဖေ”  သီချင်းကို ကြိုက်တာက အဖေက မရှိတော့ဘူးဆိုတော့ ခံစားချက်နဲ့လည်းတိုက်ဆိုင်တော့ အဲ့သီချင်းကို ပိုကြိုက်တယ်။ G ဆိုင်း က တိုင်းရင်းသူ ဖြစ်နေလို့ အသံဝဲမှာကို ကြိုးစားပြီး သီဆိုထားပါတယ်။ နားထောင်ပေးပါ၊ ဝေဖန်ပေးကြပါ။ အားပေးကြပါ” လို့ တေးသံရှင် Gဆိုင်းက ပြောပါတယ်။

ကချင်တိုင်းရင်သူ တေးသံရှင် G ဆိုင်း ရဲ့" အလွမ်းမိုး" လို့ အမည်ပေးထားတဲ့ DVD Karaoke တေးစီးရီး မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၂ရက်နေ့၊ ရန်ကုန်မြို့ အောကစ်ခ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သော ၆နှစ်လောက်က တေးရေး ဆောင်းဦးလှိုင်၊ ဇ၀ါ၊ ရဲဝင့်ထူး၊ လင်းနစ်နဲ့ အခြားတေးရေးဆရာများစွာ ပါဝင်ရေးသား ပေးထားတာဖြစ်တဲ့“ အလွမ်းမိုး" အယ်လ်ဘမ် ကို Audio CD အနေနှင့်သာ ထွက်ရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။

တေးသံရှင် G ဆိုင်းကို အသံပိုင်းဆိုင်ရာလေ့ကျင့်တာတွေ လုပ်ပေးခဲ့တယ်လို့  တေးသံရှင် Vocal Trainer ထရေစီက ပြောပါတယ်။

" G ဆိုင်းက ကချင်တိုင်းရင်းသူလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ စကားလေးနည်းနည်းတော့ ၀ဲပါတယ်။ အဲ့တော့ မြန်မာစကားကိုသီဆိုတဲ့အခါမှာ သီချင်းရဲ့ပုံစံနဲ့၊ သူရဲ့စတိုင်လေးတွေမှန်ဖို့ကို သင်ပေးရပါတယ်။ နောက်တစ်ခုက တိုင်းရင်းသူဖြစ်တဲ့အတွက်ကြောင့် မြန်မာစကားအခက်ခဲ နည်းနည်းပီဖို့ကို လိုပါတယ်။ အဲဒီအတွက်ကြောင့် သူ့ကို သတိထားပြီးတော့သင်ပေးရပါတယ်" လို့ Vocal Trainer ထရေစီက ဆိုပါတယ်။

ဒီ တေးစီးရီးထဲတွင် သီချင်းစုစုပေါင်း ၁၂ ပုဒ်ပါဝင်ပြီး လာမဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။