NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အမေရိကန်မှာ ရေခဲဖြင့် “TRUTH” စာလုံးပုံဖော် အရည်ဖျော်ချပြီး သတင်းတုများကို ဆန့်ကျင်ဆန္ဒပြ

.

စက်တင်ဘာ ၂၃ ။           ။ အမေရိကန်မှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်လက်ထက် “သတင်းတု၊ သတင်းမှား” များ ပြန့်နှံ့ထားခဲ့ပြီးနောက် ယင်းအပေါ် အနုပညာဆန်ဆန် ဆန့်ကျင်ဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကတော့ ရေခဲတုံးနဲ့ “TRUTH” ဆိုပြီး စာလုံးပုံဖော်ပြီး ယင်းကို အရည်ပျော်ကျစေပြီး သရုပ်ဖော်ခဲ့တာဖြစ်ပါတယ်။

အမှန်တရားက အရည်ပျော်ကျသွားပြီ ဆိုတဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။

ယင်း သရုပ်ဖော်မှုကိုတော့ အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အအုံရှေ့ မြေကွက်လပ်တစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အနုပညာရှင် နှစ်ဦးဖြစ်တဲ့ Nora Ligorano နဲ့ Marshall Reese တို့က ယင်းသရုပ်ဖော်မှုကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။