၁၈၅ ကြိမ်မြောက် ဂျာမနီ ဘီယာသောက်ပွဲတော်ကြီး စတင်ဖွင့်လှစ်

.

စက်တင်ဘာ ၂၃ ။           ။ လီတာပေါင်း ထောင်သောင်းနဲ့ချီတဲ့ ဘီယာတွေ၊ ရိုးရာအ၀တ်အစားတွေကို ၀တ်ပြီး ပွဲတက်လာသူတွေကို မြင်တွေ့ရမယ့် ဘီယာသောက်ပွဲတော်ကြီးတစ်ခုကိုတော့ ဂျာမနီမှာ စက်တင်ဘာ ၂၂ ရက်က စတင် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

မြူးနစ်မြို့မှာ သီတင်းပတ်နှစ်ပတ်ကြာအထိ ကျင်းပမယ့် Oktoberfest အမည်ရ အဆိုပါ ဘီယာသောက်ပွဲတော်ကြီးကတော့ ယခုနှစ်မှာ ၁၈၅ ကြိမ်မြောက်လို့ သိရပြီး ဒါဟာ ကမ္ဘာ့အကြီးဆုံးသော ဘီယာပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ပွဲတော်ကြီး စတင်တာနဲ့ လာရောက်ကြသူ ဧည့်သည်တွေဟာ သူ့အုပ်စုနဲ့အတူ အလုံးအရင်းနဲ့ တစ်ပျော်တစ်ပါးကြီး ရောက်ရှိလာကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ ၇ ရက်အထိ ကျင်းပမယ့် ယင်းပွဲတော်မှာတော့ ဧည့်သည်ပေါင်း ၆ သန်း ၀န်းကျင်လောက် လာရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ယခင်နှစ်တွေကအတိုင်း ယခုနှစ်မှာလည်း ပွဲတော်လာရောက်သူတွေဟာ လုံခြုံရေးအခြေအနေအရ ကျောပိုးအိတ်တွေ၊ အိတ်အကြီးစားတွေ ယူလာခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ခုနှစ်မှာ ဘီယာဈေးနှုန်းတွေလည်း တက်သွားပြီး တစ်လီတာ ပါ မက်ခွက်တစ်ခွက်ကို ယူရို ၁၁ ဒသမ ၅၀ အထိ ကျသင့်တယ်လို့ သိရပါတယ်။