Idol ရဲ့ ဆယ်ငါးကြိမ်မြောက်ရာသီပွဲစဉ်မှာ ဒိုင်တွေရဲ့ ချီးကျုးမှုကို ရရှိခဲ့တဲ့ Ki Soe

.

စက်တင်ဘာ ၂၂ ။                     ။ စောကီစိုးလို့ အမည်ရတဲ့ ကရင်အမျိုးသားတစ်ယောက်က ကရင်ဝတ်စုံကို ၀တ်ဆင်ပြီး Christina Perry ရဲ့ A Thousand Years သီချင်းနဲ့ ၂၀၁၈ ဆွီဒင် Idol ရဲ့ ဆယ်ငါးကြိမ်မြောက်ရာသီပွဲစဉ်မှာ ဒိုင်တွေရဲ့ ချီးကျုးမှုကို ရရှိခဲ့ပါတယ်။

“ ဂုဏ်ယူပါတယ်၊ ၂၀၁၈ ပြန်လည်ယှဉ်ပြိုင်မှု ပွဲစဉ် အနိုင်ရသူ ကီစိုး၊ မနက်ဖြန်မှာ ခင်ဗျားတို့ သူကို Alerian မှာ မြင်ကြရမှာပါ” လို့ ၂၀၁၈ ဆွီဒင် Idol ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

“ ဒီနေ့မှာ Alerian ဆီ တက်လှမ်းသွားပြီ ထိပ်တန်း ၁၂ ယောက် နေရာအတွက် ယှဉ်ပြိုင်ရတော့မယ် ဒီညတော့ ကျွန်တော်တို့တွေ ဘယ်သူဟာ ၂၀၁၈ ထိပ်တန်း ၁၂ ယောက်လည်း ဆိုတာ သိရတော့မယ်။ ဘယ်သူတွေက အားပေးခံရမလဲနဲ့ ဘယ်လေးဦးဟာ ဒိုင်တွေရဲ့ နောက်တစ်ဆင့်တက်လှမ်းခွင့် အထူးကတ်ကို ရမလဲဆိုတာ သိရလိမ့်မယ်” လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ စောကီစိုးက နောက်တဆင့်တက်လှမ်းသွားပြီလို့ သိရပြီး အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။