NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

El-Gouna ရုပ်ရှင်ပွဲတော် အီဂျစ်တွင် ကျင်းပ

.

စက်တင်ဘာ ၂၂ ။           ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၂၁ ရက်က ဒုတိယအကြိမ်မြောက် El-Gouna ရုပ်ရှင်ပွဲတော်ကြီးကို အီဂျစ်နိုင်ငံ၊ ပင်လယ်နီကမ်းခြေမှာ အနုပညာရှင်တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိက ရုပ်ရှင်ကားတွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်၊ မျိုးဆက်သစ်တွေကို ပညာပေးနိုင်အောင် ရည်ရွယ်ပြီး El -Gouna ရုပ်ရှင်ပွဲတော်ကြီးကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ ရုပ်ရှင်ပွဲတော်ကြီးကို အီဂျစ်၊ ပါလက်စတိုင်း၊ ဂျော်ဒန်နိုင်ငံက အနုပညာရှင်တွေနဲ့အတူ ဟောလိဝုဒ်အနုပညာရှင်တချို့ပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

El-Gouna ရုပ်ရှင်ပွဲတော်မှာ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက ရုပ်ရှင်ကားတွေကို ပြသခဲ့ပြီး ရုပ်ရှင်ကားအလိုက် ဆုငွေ (ယူရိုငွေ ၁၂၅,၀၀၀) တန် ဆုတွေပါ ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

“ဒီရုပ်ရှင်ပွဲတော် ကျင်းပတာ ၂ကြိမ်ရှိပါပြီ။ အရင်နှစ်တုန်းကလည်း ပညာတွေ အများကြီးရခဲ့တယ်။ ဒီနှစ်ပွဲကိုလည်း အကောင်းဆုံးကျင်းပနိုင်မယ်လို့ မျှော်လင့်တယ်။”လို့ အီဂျစ်ရုပ်ရှင်မင်းသမီး ဘက်ရှ်ရာ ရော်ဇာက ပြောပါတယ်။