NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တရားရုံးချုပ်တရားသူကြီးအဖြစ် နာမည်စာရင်းသွင်းထားသူ လိင်ကိစ္စနဲ့ စွပ်စွဲခံရတာကို ထရမ့်က ကာကွယ်ပြော

.

နယူးယောက်၊ စက်တင်ဘာ ၂၂ ။          ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရားရုံးချုပ် တရားသူကြီးအဖြစ် သူ နာမည်စာရင်းသွင်းထားတဲ့ ဘရက်ကာဗန်နော့ဟာ လိင်မှုကိစ္စနဲ့ စွပ်စွဲခံနေရတာနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ နှုတ်ဆိတ်နေခဲ့ရာကနေ စက်တင်ဘာ ၂၁ ရက်မှာတော့ သူ့ဝသီအတိုင်း ဟောဟောဒိုင်းဒိုင်း ပြောချလာပါတော့တယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ပါမောက္ခ ခရစ္စတင်းဘရာဆေးဖို့ဒ်ဆိုတဲ့ အမျိုးသမီးဟာ တရားသူကြီး ဘရက်ကာဗန်နော့က သူ့ကို ဆယ်ကျော်သက်အရွယ်တုန်းက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ပြုမူဖူးတယ်လို့ ပြောဆိုစွပ်စွဲထားတာ ဖြစ်ပါတယ်။

ရုံးတင်စွဲဆိုဖို့လည်း ရှိနေတဲ့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ယုံနိုင်စရာမကောင်းကြောင်း ထရမ့်က ပြောဆိုလာတာ ဖြစ်ပါတယ်။ ကာဗန်နော့ဟာ အမေရိကန် တရားရုံးချုပ်အတွက် မွေးဖွားလာသူတစ်ဦးပဲဆိုပြီးတောင် ထရမ့်က ကာကွယ်ပြောလိုက်ပါတယ်။

ပါမောက္ခ ဘရာဆေးဖို့ဒ်ကတော့ ကာဗန်နော့ဟာ ဆယ်ကျော်သက်အရွယ်တုန်းက သူကို အိပ်ယာထဲဆွဲလှဲပြီး အ၀တ်အစားတွေ ချွတ်ဖို့ ကြိုးစားခဲ့ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာကို  ပြောကြားထားတာ ဖြစ်ပါတယ်။

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအငြင်းပွားဖွယ်ဖြစ်နေတဲ့ နိုင်ငံရေးအဖြေကတော့ လာမယ်သီတင်းပတ်မှာ သိရမှာပဲဖြစ်ပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း ကြားနာစစ်ဆေးခံဖို့ ဘရာဆေးဖို့ဒ်က ဂရင်းနစ်စံတော်ချိန် ၀၂၀၀ နာရီအထိ နောက်ဆုံးထားပြီး သဘောတူကြောင်း အကြောင်းမပြန်ခဲ့ရင် ကာဗန်နော့ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုရေးမပြုရေးကို စက်တင်ဘာ ၂၄ ရက်မှာ မဲခွဲဆုံးဖြတ်တော့မှာဖြစ်ကြောင်း ရီပတ်ဘရီကန်ကြီးစိုးရာ ဆီးနိတ်တရားစီရင်ရေးကော်မတီ အကြီးအကဲက ကြေညာထားပါတယ်။

Tags: