၂၇ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော် စတင်ကျင်းပ

.

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။             ။ ၂၇ကြိမ်မြောက် ဥရောပ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ Goethe Institute Myanmar တို့က ကြီးမှူးကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ဥရောပနိုင်ငံတို့ကြား ယဉ်ကျေးမှုအပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။

နေပြည်တော်ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားကို ပြည်တွင်းက နာမည်ကြီး ဒါရိုက်တာအချို့နဲ့ အနု ပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောက အခြေအနေနဲ့ ဥရောပရုပ်ရှင် ဇာတ်ကား တွေရဲ့ ဖျော်ဖြေတင်ဆက်ထားမှုတွေကို လေ့လာခဲ့ကြပါတယ်။

European Film Festival 2018 ကို စက်တင်ဘာလ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ နေပြည်တော် ရုပ်ရှင် ရုံနဲ့ Goethe-Institut Myanmar တို့မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ဇာတ်ကားပေါင်း (၁၆) ကားဖြင့် ကျင်းပသွားမှာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေကို အင်္ဂလိပ်စာတမ်းများ ထိုးကာ ပြသသွားမယ်လို့ သိရပါတယ်။  ကြည့်ရှု လိုသူတွေအတွက် ၀င်ကြေးအခမဲ့ ဖြစ်ပြီး လက်မှတ်တွေကို တော့ သက်ဆိုင်ရာနေရာများမှာ ပွဲမစမီ တစ်နာရီလောက်ကစပြီး ဦးရာလူစနစ်နဲ့ ဖြန့်ဝေပေးသွားမယ်လို့ သိရပါ တယ်။