NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ကနေဒါတွင် လေဆင်နှာမောင်းဝင်တိုက်၍ ဒဏ်ရာရသူ ၃၀ ခန့်ရှိ

.

စက်တင်ဘာ ၂၂ ။           ။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်၊ ညနေပိုင်းက ကနေဒါနိုင်ငံ၊ အော့တ၀မြို့အနီးတစ်ဝိုက်မှာ လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်ခြေများ၊ ကားများပျက်စီးခဲ့ရပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

လေဆင်နှာမောင်းဟာ တစ်နာရီ ၁၂၀ မိုင် (တစ်နာရီ ၁၉၀ ကီလိုမီတာ) နှုန်းနဲ့ ဂါတနော့မြို့နဲ့ အော့တ၀မြို့အနီးတစ်ဝိုက်ကို ၀င်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလေဆင်နှာမောင်းကြောင့် ကားတွေ၊ အိမ်ခေါင်မိုးတွေ လွှင့်စင်ခဲ့ရပြီး လူအယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေပေါင်း တစ်သိန်းသုံးသောင်းကျော်မှာ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း HydroQuebec လျှပ်စစ်ကုမ္ပဏီက ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းမှာ ပြောခဲ့ပါတယ်။

“ဒီအခြေအနေကို ကျွန်တော်တို့ ထိန်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒေသခံတွေကို ကာကွယ်ပေးသွားပါမယ်။”လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးက ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။