NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဆန်ရှင်တွေချပြီး မီးနဲ့မကစားဖို့ အမေရိကန်ကို ရုရှသတိပေး

.

မော်စကို၊ စက်တင်ဘာ ၂၂ ။              ။ အမေရိကန်ရဲ့ ရုရှအပေါ် နောက်ဆုံးချတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေဟာ တရုတ်ကိုလည်း ပစ်မှတ်ထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးကို ယိုင်နှဲ့နေစေတယ်လို့ ရုရှက ပြောရင်း အမေရိကန်ကို မီးနဲ့ ကစားတာမျိုး မလုပ်ဖို့ သတိပေးလိုက်ပါတယ်။

“ရုရှ-အမေရိကန် ဆက်ဆံရေးမှာ ဆန်ရှင်တွေ ချပြီး  အဆင်အခြင်မဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးကို လှိုက်စားနေစေပြီဆိုတာကို သတိပြုမိရင် ကောင်းပါလိမ့်မယ်။”လို့ ထုတ်ပြန်ချက်တစ်ရပ်မှာ ရုရှဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂီရိုင်ယာကော့ဗ်က ပြောလိုက်ပါတယ်။

“မီးနဲ့ ကစားတာက ဦးနှောက်မဲ့တာပဲ။ ဒါဟာ အန္တရာယ်ဖြစ်လာလိမ့်မယ်။”လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်မှာ အမေရိကန်နိုင်ငံဟာ ရုရှတင်မကဘဲ တရုတ်ကိုပါ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်လာခဲ့တာဖြစ်ပါတယ်။

ရုရှထံကနေ တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ၀ယ်ယူခြင်းကြောင့်  တရုတ်စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတစ်ရပ်ကို ပထမဆုံးအဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုကို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဒါအပြင်လည်း ရုရှထောက်လှမ်းရေးရယ်၊ စစ်တပ်တို့ရယ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း ၃၃ ခုကိုလည်း နာမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။