NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပြည်ပခရီးသွားဝင်ရောက်မှုနည်း၍ အင်းဝဒေသမှ မြင်းလှည်းသမားတွေ စားဝတ်နေရေးခက်ခဲ

.

အင်းဝ ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ပြည်ပခရီးသွားဝင်ရောက်မှုလျှော့နည်းလာတဲ့အတွက် မြင်းလှည်းမောင်းသူတွေအနေနဲ့ ပြည်တွင်းခရီးသွားတွေကိုပဲ အားကိုးနေရခြင်းကြောင့် စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်းမှ ပြည်ပခရီးသွားတွေကို အားကိုးလုပ်ကိုင်နေတဲ့ မြင်းလှည်းသမားတွေဟာ အခုမှာ ပြည်ပခရီးသွားတွေ ဝင်ရောက်မှု သိသိသာသာ လျော့နည်းလာတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ပြည်ပခရီးသွားတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက လျော့နည်းလာတာဖြစ်ပြီး ဒီနှစ်မှာ သိသိသာသာ လျှော့နည်းလာခြင်းလည်းဖြစ်ပါတယ်။

အင်းဝမှာ မြင်းလှည်းအစီးပေါင်း ၂၀၀ နီးပါးရှိနေပြီး အခုဆိုရင် မြင်းလှည်း ၅၀ ခန့်သာ ပြေးဆွဲနေရပါတယ်။

အတည်တကျမြင်းလှည်းဂိတ်မှာ ဂိတ်မထိုးနိုင်ဘဲ ပြည်တွင်းခရီးသွားများ အများဆုံးလာလည်တတ်တဲ့ မယ်နု အုတ်ကျောင်း၊ထီးလှိုင်ရှင် ဘုရားတည်ရှိတဲ့နေရာတွေမှာပဲ ပျံကျဂိတ်ထိုးပြီး ခရီးသည် ရှာဖွေနေရတယ်လို့လည်း မြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်းက ပြောပါတယ်။

“ ဟိုမှာတော့ အလှည့်ကျပေါ့။ ဒီမှာတော့ အလှည့်ကျ မဟုတ်ဘူးပေါ့။ လာရင်တော့ မေးကြ၊ ကြိုကြတာပေါ့။ မြင်းလှည်းတွေ စီးဦးမလားပေါ့” လို့ မြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးထွန်းသိန်းက ဆိုပါတယ်။

အင်းဝရှေးဟောင်းယဉ်ကျေးမှုဒေအတွင်း တစ်ပတ်ကို မြင်းလှည်းခ ၁၀၀၀၀ ကျပ်ကနေ ၁၅၀၀၀ကျပ်အထိ ရရှိပါတယ်။ အရင်က မြင်းလှည်း ၂၀၀ နီးပါးစလုံး အလုပ်ဖြစ်ခဲ့ပြီး အခုအခါမှာတော့ တစ်ရက်တစ်ခေါက်တောင် မလိုက်ရတဲ့အတွက် မြင်းစာစရိတ်တောင် အခက်အခဲရှိနေတာလဲ ဖြစ်ပါတယ်။

မြင်းလှည်းမောင်းသူ မအေးမိဝိုင်းက “ အခုဆိုရင် ပြည်တွင်းဧည့်သည်က ကျတယ်အစ်ကို။ ပြည်ပဧည့်သည်က ရှားတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆို ၇၀၊ ၈၀ စီးပေါ့။ ဒီနှစ်ကတော့ ဘာကြောင့်ရယ် မသိဘူး။ နိုင်ငံခြားသားတွေက အသွားအလာနည်းသွားတယ် ။ နည်းသွားတော့ မိသားစုတွေအားလုံး စားဝတ်နေရေး ကျပ်တည်းတယ် ” လို့ ပြောပါတယ်။