NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

စစ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်ရုပ်သိမ်းရန် အမေရိကန်ကို တရုတ် သတိပေး

.

ပေကျင်း၊ စက်တင်ဘာ ၂၁ ။         ။ ရုရှဆီက လက်နက်ဝယ်ယူတာကြောင့် တရုတ်စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်တာကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းပြောဆိုပြီး ဒါမှမဟုတ်ပါက နောက်ဆက်တွဲအကျိုးဆက်ကို တာဝန်ခံရလိမ့်မယ်လို့ သတိပေးပြောဆိုပါတယ်။

“အမေရိကန်ဖက်က ယုတ္တိမတန်တဲ့ လုပ်ဆောင်ချက်ကြောင့် တရုတ်နိုင်ငံဖက်က အလွန်ခံပြင်းရကြောင်းကို ပြောကြားလိုပါတယ်။”လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျန့်ရှောင်းက စက်တင်ဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အမေရိကန်ကို တရားဝင် ကန့်ကွက်ထားကြောင်းလည်း သူက ပြောပါတယ်။

“အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံမူဘောင်ကို လွန်လွန်ကျူးကျူး ချိုးဖောက်တာပဲ။ နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်ကြား ဆက်ဆံရေးကိုလည်း ဆိုးဆိုးဝါးဝါး ဖျက်ဆီးပစ်တာပဲ။”လို့ ကျန့်ရှောင်းက ဆိုပါတယ်။

“ကျွန်တော်တို့ဖက်က အမေရိကန်ကို အလေးအနက် တိုက်တွန်းချင်တာက သူတို့ရဲ့ အမှားကို ချက်ချင်းပြင်ဆင်ပြီး ချမှတ်ထားတဲ့ ဆန်ရှင်ကို ရုပ်သိမ်းဖို့ပါပဲ။ ဒါမှမဟုတ်ရင် နောက်ဆက်တွဲတွေကို အမေရိကန်က တာဝန်ခံရမှာ ဖြစ်ပါတယ်။”လို့လည်း ၎င်းက ပြောပါတယ်။

ရုရှနိုင်ငံကနေ Sukhoi Su-35 ဂျက်တိုက်လေယာဉ်နဲ့ S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ မကြာသေးမီကမှ ၀ယ်ယူခဲ့တဲ့  တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်လက်နက်ဖွံ့ဖြိုးမှုဌာနနဲ့ ယင်းဌာနရဲ့ အကြီးအကဲဖြစ်သူတို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စက်တင်ဘာ ၂၀ ရက်က ဘဏ္ဍာရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။