NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တန်ဇန်းနီးယားရှိ ၀ိတိုရိယအိုင်တွင် ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

.

စက်တင်ဘာ ၂၁ ။          ။ တန်ဇန်းနီးယားနိုင်ငံ၊ ၀ိတိုရိယအိုင်မှာ ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ သေဆုံးသူဦးရေ ၁၀၀ ကျော်ရှိလာကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘူဂိုရိုရာကျွန်းကနေ ခရီးသည် ၂၀၀ ကျော်နဲ့အတူ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ အဆိုပါရေယာဉ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

MV Nyerere ရေယာဉ်ဟာ ပုံမှန်တင်ဆောင်နိုင်တဲ့ ခရီးသည်ပမာဏကို ကျော်ပြီး ခရီးသည် ၂၀၀ ကျော်တင်ခဲ့တဲ့အတွက် ယခုလို တိမ်းမှောက်ခဲ့ရကြောင်း သိရှိရပါတယ်။

ရေယာဉ်တိမ်းမှောက်တဲ့ ကြာသာပတေးညမှာပဲ အာဏာပိုင်တွေက လိုက်လံရှာဖွေ ကယ်ဆယ်လျက်ရှိရာ အသက်ရှင်ကျန်ရစ်သူအယောက် ၄၀ ရှိပြီး ၁၀၀ ကျော် သေဆုံးသွားတယ်လို့ သိရပါတယ်။

ရေယာဉ်စီးနင်းလိုက်ပါလာတဲ့ ခရီးသည်ဘယ်နှဦးရှိခဲ့လဲဆိုတာ မသိရတဲ့အတွက် ဘယ်နှဦးပျောက်ဆုံးနေလဲဆိုတာကို အတည်မပြုနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကိုလည်း အာဏာပိုင်တွေက ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။