NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တန်ဇန်းနီးယားရှိ ၀ိတိုရိယအိုင်တွင် ရေယာဉ်တိမ်းမှောက်မှုကြောင့် ၇၉ ဦးသေဆုံး

.

စက်တင်ဘာ ၂၁ ။         ။ တန်ဇန်းနီးယားနိုင်ငံ၊ ၀ိတိုရိယအိုင်မှာ ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ သေဆုံးသူ ၇၉ ဦးရှိကြောင်း အာဏာပိုင်တွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဘူဂိုရိုရာကျွန်းကနေ ခရီးသည် ၂၀၀ ကျော်နဲ့အတူ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ အဆိုပါရေယာဉ်ဟာ ယူကာရာ သင်္ဘောကျင်းနားမှာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

MV Nyerere ရေယာဉ်ဟာ ပုံမှန်တင်ဆောင်နိုင်တဲ့ ခရီးသည်ပမာဏကို ကျော်ပြီး ခရီးသည် ၂၀၀ ကျော်တင်ခဲ့တဲ့အတွက် ယခုလို တိမ်းမှောက်ခဲ့ရကြောင်း သိရှိရပါတယ်။

ရေယာဉ်တိမ်းမှောက်တဲ့ ကြာသာပတေးနေ့ ညတွင်းချင်းမှာပဲ အာဏာပိုင်တွေက လိုက်လံရှာဖွေ ကယ်ဆယ်လျက်ရှိရာ အသက်ရှင်ကျန်ရစ်သူ ၃၇ ဦးရှိပြီး ၇၉ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နာရီပေါင်း ၁၈ နာရီခန့်က ရေယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဘယ်နှဦးပျောက်ဆုံးနေလဲဆိုတာကို အတည်မပြုနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

“အဖေနဲ့ မောင်လေးက ဘူဂိုရိုရာမှာ ကျောင်းဝတ်စုံသွားဝယ်တာ။ သူတို့ကို ရှာမတွေ့သေးဘူး။”လို့ မိသားစုအတွက် စိုးရိမ်နေတဲ့ တိုမီနာမာရာက ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ ပျောက်ဆုံးနေတဲ့ ခရီးသည်တွေကို လိုက်လံရှာဖွေလျက်ရှိသလို တင်ဆောင်လာတဲ့ ခရီးသည်အရေအတွက်၊ ရေယာဉ်တိမ်းမှောက်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။