NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

“ကျွန်တော်ဟာ သူခိုးတစ်ယောက်မဟုတ်ပါ။”လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ပြောခဲ့

.

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၁ ။            ။ ငွေကြေးခ၀ါချမှုနဲ့ အာဏာအလွဲသုံးစားမှုစတဲ့ စွဲဆိုချက်သစ် ၂၅ ခုနဲ့ တရားရုံးမှာ ရင်ဆိုင်ရပြီးနောက်မှာ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ တရားရုံးက အထွက် “ကျွန်တော်ဟာ သူခိုးတစ်ယောက်မဟုတ်ပါ။”လို့ ပြောဆိုသွားခဲ့ပါတယ်။

နာဂျစ်ကို ကိုယ်ပိုင်ဘဏ်အကောင့်ထဲ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ လွဲပြောင်းထားမှုအပါအ၀င် နိုင်ငံတော်ရန်ပုံငွေလုပ်ငန်းကော်ပိုရေးရှင်း 1MDB ရဲ့ အကြီးစားငွေကြေးအရှုပ်တော်ပုံနဲ့ ချိတ်ဆက်ပတ်သက်တဲ့ အာဏာအလွဲသုံးမှု၊ ငွေကြေးခ၀ါချမှုတွေနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။

ကွာလာလမ်ပူတရားရုံးအပြင်ဖက်မှာ ထောက်ခံသူတွေ ရာပေါင်းများစွာဟာ ဆိုင်းဘုတ်စာတမ်းတွေ ဝှေ့ယမ်းကြပြီး စုရုံးရောက်ရှိနေချိန် တရားရုံးမှာ နာဂျစ်က စွဲဆိုချက်တိုင်းအတွက် သူ့မှာ အပြစ်မရှိကြောင်း လျှောက်လဲချက် ပေးပါတယ်။

စက်တင်ဘာ ၂၀ ရက်က တရားကြားနာမှုအပြီး တရားရုံးက အထွက်မှာ နာဂျစ်ဟာ “ကျွန်တော် နာမည် ပြန်ပြီးသန့််စင်ဖို့ ကျွန်တော် ဆုတောင်းပါတယ်။ နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု တည်ရှိဖို့ကိုလည်း မျှော်လင့်ပါတယ်။”လို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ အဆုံးထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ အမှန်တရားကို ဘုရားသခင်က လမ်းပြပေးပါလိမ့်မယ်။”လို့လည်း နာဂျစ်ဟာ သူ့ကို ထောက်ခံပြီး စုရုံးရောက်ရှိနေသူတွေကို ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံကို ဆယ်စုနှစ်ခြောက်ခုစာ ညွန့်ပေါင်းအစိုးရအဖြစ် အုပ်ချုပပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ဟာ မေလက ရွေးကောက်ပွဲမှာ ရှုံးနိမ်သွားခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ကြား ရာထူးအာဏာကို အလွဲသုံးပြီး စုစုပေါင်း ရင်းဂစ် ၂ ဒဿမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅၅ သန်း) ရန်ပုံငွေလွဲပြောင်းရယူထားတယ်လို့ စွဲဆိုခံရကာ ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

အာမခံ ရင်းဂစ် ၃ ဒဿမ ၅ သန်း ပေးဆောင်မယ် သဘောတူညီချက်နဲ့ ပြန်လည်လွတ်မြောက်ပြီး အမှုရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

Tags: