James Bond ရုပ်ရှင်ကားသစ်ရိုက်ကူးရန် အမေရိကန်ဒါရိုက်တာအား ရွေးချယ်

.

စက်တင်ဘာ ၂၁ ။       ။ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ကာရီ ဂျိုဂျီ ဖူကူနာကာဟာ လာမယ့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ကမ္ဘာတစ်ဝန်းမှာ ရုံတင်ပြသမယ့် James Bond 007 ရုပ်ရှင်ကားသစ်ကို ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

James Bond 007 ရုပ်ရှင်ကား ရိုက်ကူးရေးအဖွဲ့ကနေ James Bond ရုပ်ရှင်ကားတွေ ရိုက်ကူးလာခဲ့တဲ့ Oscar ဆုရှင် ဒါရိုက်တာ ဒန်နီဘွိုင်းလ် နှုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်ဒါရိုက်တာ ကာရီ ဂျိုဂျီ ဖူကူနာကာက တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

Oscar ဆုရှင် ဒါရိုက်တာ ဒန်နီဘွိုင်းလ်ဟာ James Bond 007 ရုပ်ရှင်ကား ရိုက်ကူးရေးအဖွဲ့ကနေ ပြီးခဲ့တဲ့ သြဂုတ်လ၊ ၁၁ ရက်က နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်ကစပြီး ရုံတင်ပြသလာခဲ့တဲ့ James Bond ရုပ်ရှင်ကားတွေရဲ့ ဒါရိုက်တာတွေထဲမှာ အမေရိကန် ဒါရိုက်တာတစ်ဦးကို ပထမဦးဆုံး ရုပ်ရှင်ရိုက်ကူးခွင့်ပေးတာဖြစ်ကြောင်း သိရှိရပါတယ်။

အမေရိကန်ဒါရိုက်တာ ကာရီ ဂျိုဂျီ ဖူကူနာကာဟာ နာမည်ကြီး True Detective၊ Beasts of No Nation ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့အတွက် James Bond 007 ရုပ်ရှင်ကားကို ပီပီပြင်ပြင်ရိုက်ကူးနိုင်မယ့် ဒါရိုက်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

၂၅ ကားမြောက် James Bond 007 ရုပ်ရှင်ကားကို လန်ဒန်မြို့ရှိ Pinewood ရုပ်ရှင်စတူဒီယိုမှာ ၂၀၁၉ ခုနှစ်၊ မတ်လကစပြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

 

Tags: