အမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူသုံးဦး ပစ်သတ်ပြီး ကိုယ်ကိုကို ပြန်ပစ်ခတ်ကာ အဆုံးစီရင်

.

ဝါရှင်တန်၊ စက်တင်ဘာ ၂၁ ။             ။ အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် အက်ဘာဒင်းအရပ်က ဆေးဝါးဖြန့်ဖြူးရေးစင်တာတစ်ခုမှာ အမျိုးသမီးတစ်ဦးက လက်ကိုင်သေနတ်နဲ့ ပစ်ခတ်လို့ လူသုံးဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရသွားပြီးနောက် ပစ်ခတ်တဲ့ အမျိုးသမီးကိုယ်တိုင်လည်း ကိုယ်ကိုကို ပြန်ပစ်လို့ အဆုံးစီရင်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဟာဖို့ဒ်ကောင်တီစီရင်စုရုံးက ပြောပါတယ်။

အသက် ၂၆ နှစ်ရှိ ပစ်ခတ်မှု ကျုးလွန်သူ အမျိုးသမီးဟာ Rite Aid ဆေးဝါးဖြန့်ဖြူးရေးစင်တာက ယာယီ အလုပ်သမတစ်ဦးဖြစ်တယ်လို့ စီရင်စုအရာရှိ ဂျက်ဖရေးဂါလာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီစင်တာမှာ နေ့တိုင်းအလုပ်ဆင်းနေခဲ့တာဖြစ်ပေမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ အကြောင်းပြချက်မသိရဘဲ ခုလို ပစ်ခတ်မှု ကျုးလွန်လာတာဖြစ်တယ်လို့လည်း ဂျက်ဖရေးက ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း လူသုံးဦးသေဆုံးရာမှာ  တစ်ဦးကတော့ ဆေးရုံရောက်မှ သေဆုံးခြင်း ဖြစ်ပါတယ်။ ဒဏ်ရာရသူ သုံးဦး ရှိပေမယ့် ပြန်လည်ကျန်းမာလာမယ်လိမ့် ဆရာဝန်တွေက မျှော်လင့်ထားကြောင်း သိရပါတယ်။

ပစ်ခတ်သူ အမျိုးသမီးဟာ အခင်းဖြစ်ရာ နေရာမှာပဲ ကိုယ်ကိုကို ပစ်ခတ်ပေမယ့် ဆေးရုံရောက်မှာ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

ကိုယ်ကိုကို ပစ်ခတ်လို့ စိုးရိမ်ဖွယ် အခြေအနေရှိနေတဲ့ ဒီအမျိုးသမီးကို ချုပ်မိန့်နဲ့ ဆေးရုံပေါ် တင်ခဲ့တာဖြစ်ပေမယ့် သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲ အစပိုင်းမှာ ဂျက်ဖရေးက ဆိုပါတယ်။