NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တရုတ်မှာ ဆရာဝန်ရှားပါးမှု ပြဿနာကို လူလုပ်အသိဥာဏ် AI နည်းပညာနဲ့ ဖြေရှင်းနိုင်ရေး ကြံဆောင်နေ

.

ပေကျင်း၊ စက်တင်ဘာ ၂၀ ။         ။ အသက် ၆၄ နှစ်ရှိ ကျုကျင်းဂေါင်ဟာ ရှန်ဟိုင်းကို အလည်ရောက်လာတာ ခေတ်ဆန်းတဲ့ ကျန်းမာရေးကုသခံဖို့အတွက်ပဲ ဖြစ်ပါတယ်။

အလိုအလျောက် သွေးခုန်နှုန်းတိုင်း စက်လေးထဲ သူလက်ကောက်ဝတ်ကို ထည့်လိုက်တာနဲ့ နှစ်မိနစ်အတွင်းမှာပဲ သွေးခုန်နှုန်း တိုင်းတာချက်ရလဒ်ဟာ မိုဘိုင်းဖုန်းထဲ ရောက်လာတော့တာ ဖြစ်ပါတယ်။ ဒီလို သွေးခုန်နှုန်း တိုင်းဖို့အတွက် ဆရာဝန် မလိုပါဘူး။

နှလုံးခုန်နှုန်းကိုလည်း တိုင်းတာနိုင်တဲ့ ဒီစက်ငယ်လေးဟာဆိုရင် ဆရာဝန်ရှားပါးမှုကို ရင်ဆိုင်လာရတဲ့ တရုတ်နိုင်ငံအတွက် ဒီကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ကြိုးစားဖော်ဆောင်နေမှုပါပဲ။

ဆရာဝန်ရှားပါးမှုပြဿနာကို လူလုပ်အသိဥာဏ် AI နည်းပညာနဲ့ ဖာထေးနိုင်အောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ရှန်ဟိုင်းမှာ ပြုလုပ်နေတဲ့ ၂၀၁၈ ကမ္ဘာ့လူလုပ်အသိဥာဏ်ပြပွဲမှာ Ping An Good Doctor နည်းပညာကုမ္ပဏီကြီးက ဒီသွေးခုန်နှုန်းတိုင်း AI စက်ကို ပြသထားတာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီကိုရောက်လာတာဟာ ဆရာဝန်မရှိဘဲ တရုတ်နိုင်ငံရဲ့ ပုံစံအတိုင်း ဆေးကုသမှု ဘယ်လိုများ  လုပ်ဆောင်သလဲဆိုတာ ကြည့်ချင်မြင်လို့ပါပဲ။”လို့ ပြပွဲကို လာရောက်ကြည့်ရှုတဲ့ IT ၀န်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ကျုက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၁၇ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၂ သန်းအောက်သာ ရှိနေပြီး လူဦးရေက ၁ ဒဿမ ၄ ဘီလီယံအထိ ရှိနေကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်အရ သိရပါတယ်။

ဒီအတွက် ဆရာဝန်ရှားပါးမှုတွေ ရှိလာရပြီး နည်းပညာနဲ့ လူလုပ်အသိဥာဏ်ကျန်းမာရေးကုသနိုင်မှုဆီ ခြေလှမ်းနေတာလည်းပဲ ဖြစ်ပါတယ်။