NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မုံရွာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ဆိုင်ကယ်များကို စတင်အရေးယူရန် ပြင်ဆင်

.

မုံရွာ၊ စက်တင်ဘာ ၂၀ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်သော  မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို ထိရောက်စွာအရေးယူတော့မှာ ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ် စီးနင်းသူများအတွက် ပညာပေးကာလကို စက်တင်ဘာ ၂၀ ရက်မှစတင်ကာ ပညာပေး ကာအဖြစ်  (၄)ရက် သတ်မှတ်ထားပြီး(၂၅)ရက်က စတင်ကာ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

" တချို့က ကျွန်တော်တို့ ယာဉ်ထိန်းနဲ့ ပူးပေါင်းအဖွဲ့ကိုမြင်တာနဲ့ ဖမ်းမယ်ဆီးမယ်ထင်ပြီး ပြန်လှည့်တာမျိုး အဲ့ဒါမျိုးကြတော့ သူတို့အတွက်ပြန်ပြီး စိုးရိမ်ပါတယ်။ သူတို့က တစ်ပတ်ပြန်လှည့်တော့ လမ်းမှန်ကနေလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိမှာ စိုးရိမ်ပါတယ်။ ပြည်သူတွေကို ယာဉ်စည်းကမ်းနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ သိစေချင်တဲ့ အတွက် အသိပညာပေးခြင်း ဖြစ်ပါတယ်" မုံရွာမြို့ အမှတ် ၁၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် သက်ဇော်ဦးက မဇ္ဇျိမသို့ ပြောသည်။

ယခုလ စက်တင်ဘာ ၁၄ ရက်တွင် တိုင်းဒေသကြီးအစိုးရရုံးတွင် ပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၁၈) အပြီးတွင် အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။လက်ရှိတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊နယ်မြေခံရဲ၊ ကညန၊ စည်ပင်သာယာရေးကော်မတီ စသော ပူးပေါင်းအဖွဲ့မှ ဆိုင်ကယ် စီးချိန်တွင် လိုက်နာရမည့်ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများကို အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မုံရွာမြို့တွင် ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းရန် နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြရန် အသိပညာပေးကမ်ပိန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ကာ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင် များဖြင့် ပူးပေါင်းပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ ထူးခြားလာမှု မရှိသေးကြောင်း သိရသည်။