NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တိုင်းပြည်ငတ်မွတ်နေချိန်တွင် အစားကောင်းစားနေသည့် ဗင်နီဇွဲလားသမ္မတအား ပြည်သူများဆန္ဒပြ

.

စက်တင်ဘာ ၂၀ ။         ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁၈ ရက်က တူရကီနိုင်ငံ၊ အစ္စတဘူလ်မြို့ရဲ့ နာမည်ကြီး စားဖိုမှူး နက်စ်ရတ် ကော့စီ (နာမည်ပြောင်- Salt Bae) ဟာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာတူရိုကို ၎င်းရဲ့ Nusr-Et စားသောက်ဆိုင်မှာ အကောင်းစား အမဲကင်ဟင်းလျာနဲ့ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကျွေးမွေးဧည့်ခံမှုနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလားပြည်သူတွေဟာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ တည်ရှိတဲ့ စားဖိုမှူး နက်စ်ရတ်ရဲ့ မိုင်ယာမီဆိုင်ခွဲမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ဆင်းရဲနွမ်းပါးမှု၊ ငွေကြေးဖောင်းပွမှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံဖြစ်ပြီး ပြည်သူတွေဟာ အစာရေစာငတ်ပြတ်မှု၊ ဆေးဝါးပြတ်လပ်မှု၊ လစာနည်းပါးမှု အစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နာမည်ကြီး စားဖိုမှူး ကော့ကီရဲ့ အမဲကင်ဟင်းလျာတွေဟာ တစ်ပွဲကို ကန်ဒေါ်လာ ၇၀ ကနေ ၂၅၀ ကြားရှိပြီး ဗင်နီဇွဲလားပြည်သူတွေရဲ့ ၂လ ကနေ ၈လ အတွင်းရတဲ့ လုပ်ခလစာနဲ့ ညီမျှနေတယ်လို့ သိရပါတယ်။

“ပြည်သူတွေက ငတ်ပြတ်ပြီး သေတော့မယ့်အချိန်မှာ ဒီဆိုင်က ဗင်နီဇွဲလားသမ္မတကို ဧည့်ခံနေတယ်။”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

တူရကီ စားဖိုမှူး ကော့ကီဟာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်ကို ဧည့်ခံကျွေးမွေးနေတဲ့ ဗွီဒီယိုကို ၎င်းရဲ့ Instagram မှာတင်ခဲ့ပေမယ့် ပြည်သူတွေရဲ့ မကျေနပ်တဲ့စာတွေကြောင့် ချက်ချင်းဖျက်ပစ်လိုက်တာဖြစ်ပါတယ်။

တခြားဗွီဒီယိုတွေမှာတော့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်ဟာ ၎င်းရဲ့နာမည်ကို ရွှေနဲ့ထွင်းထားတဲ့ သေတ္တာထဲက ဆေးလိပ်ကို ယူသောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။