NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ထိုင်းနိုင်ငံမှာ လူ ၆၀ ကျော် သေဆုံးပြီးနောက် တုပ်ကွေးတိုက်ဖျက်ရေး ဆောင်ရွက်နေ

.

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ။           ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ တုပ်ကွေးအဖျားရောဂါ ပျံ့နှံ့ဖြစ်ပွားနေတာကို တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ခြင်တွေကို သေစေနိုင်တဲ့ ဓာတုဆေးဖျန်းခြင်းတွေကို ဘန်ကောက်က တာဝန်ရှိသူတွေ စက်တင်ဘာ ၁၉ ရက်မှာ ဆောင်ရွက်ခဲ့ကြပါတယ်။

သြဂုတ်လက စတင်ပြီး ခြင်က ဖြစ်တဲ့ တုပ်ကွေးရောဂါ နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားသူစုစုပေါင်း ၁၀၄၈၁ ဦးရှိပြီး သေဆုံးသူပေါင်းဟာ ၆၀ ကျော်ထက်မနည်းရှိကြောင်း ထိုင်း ပြည်သူ့ကျန်းမာရေးရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပတ်က ပြောပါတယ်။

“တုပ်ကွေးပျံ့နှံ့ဖြစ်ပွားမှုဟာ ကျွန်တော်တို့ မှန်းဆချက်အရဆို မကြာသေးခင်က နှေးကွေးသွားပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ ဒါကို စိတ်ချလက်ချ ယုံလို့ မရသေးဘူး။ ခြင်ပေါက်ဖွားမယ့် ပိုလောက်လန်းတွေကို လိုက်လံရှင်းလင်းသုတ်သင်တာတွေ၊ ရောဂါကူးစက်ပျံ့နှံ့မှုက ကာကွယ်တာတွေကို လိုအပ်သမျှ အားလုံး ဆက်လက်လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။”လို့ အိုပတ်က ပြောပါတယ်။

ဇန်န၀ါရီကနေ စက်တင်ဘာလအထိ ထိုင်းနိုင်ငံတစ်လွှားမှာ တုပ်ကွေးဖြစ်ပွားသူပေါင်း ၅၂၀၀၀ ဦးနီးပါး ရှိခဲ့ကြောင်း ဘန်ကောက်မြို့တော်စည်ပင် ကျန်းမာရေးဌာနအရ သိရပါတယ်။

တုပ်ကွေးပျံ့နှံ့ဖြစ်ပွားမှုမှာ ဘန်ကောက်မြို့တော်ဟာ အဆိုးဝါးဆုံး ဖြစ်နေပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၅၈၉၉ ဦးရှိကာ သေဆုံးသူ ငါးဦး ရှိခဲ့ပါတယ်။

တုပ်ကွေးရောဂါဟာ အဓိကအားဖြင့် အေဒီးစ်ခြင်ကတစ်ဆင့် ကူးစက်ဖြစ်ပွားတာ ဖြစ်ပါတယ်။