NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံ သမိုင်းဝင် စစ်ရေးပဋိညာဉ်တစ်ရပ်အား လက်မှတ်ရေးထိုး

.

ဆိုးလ်၊ စက်တင်ဘာ ၁၉ ။        ။ တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံက ခေါင်းဆောင်နှစ်ဦး တတိယအကြိမ် ထိပ်သီးအစည်းအဝေး ပြင်ပန်းမှာ နှစ်နိုင်ငံ စစ်ဝန်ကြီးများက တင်းမာမှုတွေ ပြေလျော့စေမယ့် သမိုင်းတွင် စစ်ရေးသဘောတူညီမှုတစ်ရပ်ကို စက်တင်ဘာ ၁၉ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့ရဲ့ ကျင်းပဆဲ ထိပ်သီးအစည်းအဝေး မူဘောင်အတွင်းမှာ စစ်ရေးဆိုင်ရာ သဘောတူညီချက်ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးောဆင်ယောင်းမိုနဲ့ ၎င်းနဲ့ အဆင့်တူ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွန်ချိုတို့က လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။

အဆိုပါ စစ်ရေးပဋိညာဉ်အရ နိုဝင်ဘာ ၁ ရက်က စတင်ပြီး စစ်မဲ့ဇုန်မျဉ်းတစ်လျှောက် စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းရမှာ ဖြစ်ပြီး အခုနှစ် မကုန်ခင်မှာပဲ စစ်မဲ့ဇုန်တစ်လျှောက်က လုံခြုံရေးဂိတ်စခန်း ၁၁ ခုကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

ဒီအပြင်လည်း နှစ်နိုင်ငံ ခွဲခြမ်းမျဉ်းတစ်လျှောက် လေယာဉ်မပျံသန်းရဇုန်ကို တည်ထောင်တာနဲ့ အရှေ့နဲ့ အနောက်ပင်လယ်မှာ ရေကြောင်းကြားခံဇုန်ကို သတ်မှတ်ရန်လည်း သဘောတူခဲ့ကြပါတယ်။ ဒီအရှေ့နဲ့ အနောက် ပင်လယ်တွေမှာ လက်နက်ကြီးပစ်တာနဲ့ ရေတပ်စစ်ရေးလေ့ကျင့်တာတွေကိုလည်း ရပ်ဆိုင်းကြမှာ ဖြစ်ပါတယ်။

အခု ပဋိညာဉ်ဟာဆိုရင် နှစ်နိုင်ငံကြားက စစ်ရေးတင်းမာမှုတွေကို လျှော့ချပေးမယ့် တိကျတဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံဟာဆိုရင် ငြိမ်းချမ်းရေးမရဘဲ ယာယီစစ်ပြေငြိမ်းခြင်းနဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ထားခဲ့တာကြောင့် နှစ်ခြောက်ဆယ်ကျော်ကြာ စစ်ပွဲအတွင်းမှာပဲ ရှိနေဆဲ နှစ်နိုင်ငံလည်းပဲ ဖြစ်ပါတယ်။