NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အိမ်သာကျင်းအတွင်း ပြုတ်ကျသောဖုန်းအား ဆင်းဆယ်ရာမှ လူ ၄ ဦး သေဆုံး

.

ဓာတ်ပုံ - Tint Zaw HMN

စက်တင်ဘာ ၁၉၊ ဟုမ္မလင်း။            ။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းဒေသ ဟုမ္မလင်းမြို့နယ် ထိန်ကင်းကျေးရွာအုပ်စု၊ ဆန်းကျင်း ကျေးရွာတွင် အိမ်သာကျင်းအတွင်းသို့ ပြုတ်ကျသည့် ဖုန်းတစ်လုံးအား ပြန်လည်ဆင်းယူရာမှ အမျိုးသား (၄) ဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ထမံသီနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ နေ့၌ ဆန်ကျန်းရွာနေ မငုဝါထွန်းဆိုသူမှာ နေအိမ်ရှိအိမ်သာ၌ အပေါ့သွားစဉ် အိမ်သာကျင်းအတွင်းသို့ ဖုန်းပြုတ်ကျသွားသဖြင့် အကိုဖြစ်သူမှ အိမ်သာကျင်းအတွင်းဆင်း၍ ဆယ်ယူစဉ် ပြန်တက်လာနိုင်ခြင်း မရှိသဖြင့် ညီဖြစ်သူမှ ထပ်မံဆင်း၍ ဆယ်ယူခဲ့ရာ ပြန်တက်နိုင်ခြင်းမရှိကြောင်း သို့ဖြစ်၍ တစ်ရွာတည်းနေ အမျိုးသား (၂)ဦးမှ ထပ်မံဆင်းခဲ့ရာ ပြန်တက်လာနိုင်ခြင်းမရှိပဲ ၄င်းတို့ (၄)ဦးလုံး သေဆုံး ခဲ့ကြောင်း သိရသည်။

" ဆင်းကောက်ယူတဲ့သူ တက်မလာလို့ တစ်ယောက်ပြီး တစ်ယောက်ဆင်းတယ်။ နောက်ဆုံး (၅)မြောက် ထပ်ဆင်းမလို့ကြည့်တော့မှ (၄)ယောက် သေနေတာတွေ့လို့ ထွက်ပြေးလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေထံ အကြားလာပါတယ်"ဟု ထမံသီနယ်မြေရဲကင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သေဆုံးနေသည့် အလောင်း(၄)လောင်းကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဟုမ္မလင်းမြို့ကုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထမံသီ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ် ၅/၂၀၁၈ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။