NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက ဖမ်းဆီး

.

စက်တင်ဘာ ၁၉ ။          ။ နိုင်ငံပိုင်ရန်ပုံငွေ 1MDB အရှုပ်တော်ပုံကိစ္စနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ခ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် ဖမ်းဆီးလိုက်ပြန်ပြီ ဖြစ်ကြောင်း သိရပါတယ်။

1MDB ရန်ပုံငွေမှ ကန်ဒေါ်လာ ၆၂၈ သန်းကို ၎င်းရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲမှာ တွေ့ရှိခဲ့မှု ကိစ္စနဲ့ပတ်သက်လို့ ခုလို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

နာဂျစ်ကို ယနေ့ ညနေ ၄ နာရီ ၁၃ မိနစ်မှာ ပူထရာဂျာယာမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီ MACC က ထုတ်ပြန်သွားပါတယ်။

၎င်းအနေနဲ့ကတော့ MACC ရဲ့ အက်ဥပဒေ ၂၀၀၉ အပိုဒ်ခွဲ ၂၃(၁) အောက်မှာ အာဏာအလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံရမယ်လို့ မျှော်လင့်ရပါတယ်။

၎င်းကိုတော့ စက်တင်ဘာ ၂၀ ရက် နေ့လည် ၃ နာရီမှာ ကွာလာလမ်ပူ တရားရုံးမှာ ခေါ်ဆောင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။