NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒုက္ခသည်စခန်းတွင် မြေပြို၍ သုံးဦးသေဆုံး

.

စက်တင်ဘာ ၁၉ ။          ။ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ် အနောက်မြောက်ဘက်ခြမ်းရှိ ဒုက္ခသည်စခန်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၆ ဦးပျောက်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ဒုက္ခသည်အယောက် ၁၀၀၀၀ ခန့်ရှိတဲ့ မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းနဲ့ အနီးတစ်ဝိုက်မှာ မြေပြိုခဲ့ရခြင်းဖြစ်ပါတယ်။

မယ်ဟောင်ဆောင် ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံက ကရင်အသိုင်းအ၀န်းအများစုပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါမြေပြိုမှုကြောင့် နှစ်နှစ်အရွယ် ကလေးမလေးတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးနဲ့ ယောက်ျားတစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက်ရှိပြီး ဒုက္ခသည်စခန်းကို တခြားနေရာပြောင်းရွှေ့ဖို့ စီစဉ်လျက်ရှိပါတယ်။