NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နာဂရိုးရာပွဲတော်တွင် ခရီးသွားများ အဆင်ပြေစေရန် လမ်းပြမြေပုံများ ထုတ်ဝေမည်

.

စက်တင်ဘာ ၁၉၊ လေရှီး ။      ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသွားမည့် နာဂရိုးရာပွဲတော်တွင် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဖွံဖြိုးတိုးတက်ရေးကော်မတီမှ လမ်းပြမြေပုံများကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း ခရီးသွားဖွံဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဇျိမသို့ ပြောသည်။

 နာဂရိုးရာပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လေရှီးမြို့တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်ပွဲတော်ကို ယခင်နှစ်ပွဲတော်များထက် ပိုမို ထူးခြားအောင် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်နေကြောင်း သိရသည်။

 " မြေပုံမှာ မိုင်တွေရော၊အခြားအချက်အလက်တွေ၊ ဆက်သွယ်နိုင်တဲ့ နေရာတွေရော အသေးစိတ် ထုတ်ပေး သွားမှာပါ။ နာဂဒေသဆိုတာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေ၊ အဲ့ဒါကြောင့် တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းရင်းနဲ့ အမွေအနှစ်တွေကို အားလုံး သိအောင် ဖော်ထုတ်ဖို့ တိုင်းအစိုးရက ကြိုးစားတဲ့ အနေနဲ့ ပွဲတော်ကို လာရောက်တဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြမြေပုံတွေ ရေးဆွဲပြီး ထုတ်ဝေသွားမှာပါ " ဟု စစ်ကိုင်းတိုင်းဒေသကြီး ဖွံဖြိုး တိုးတက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးသန်းဌေးက မဇ္ဇျိမသို့ ပြောသည်။

 နာဂဒေသသည် အခြားမြို့များထက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အပြင် ကိုယ်ပိုင်မော်တော် ယာဉ် များဖြင့် သွားရောက်နိုင်ပြီး လေကြောင်း၊ရေကြောင်း၊ကုန်ကြောင်း သွားရောက်နိုင်ကာ ယခုနှစ်ပွဲတော်တွင် ရက်(စ်)လေ ကားမောင်းအဖွဲ့ပါ ပွဲတော်သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

 

" နာဂဒေသမှာ ခရီးသွားဖွံဖြိုးတိုးတက်လာရင် ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်လာမယ်။ ပြီးတော့ ကျေးလက်နေ ဒေသပြည်သူလူထုတွေရဲ့ စားဝတ်နေရေးတွေပါ အဆင် ပြေလာမယ်" ဟု နာဂဦးစီးအဖွဲ့မှ အလုပ်အမှုဆောင်(လူမှု)မှ ဦးကံစီမှ မဇ္ဇျိမသို့ ပြောသည်။

 စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဖွံ့ဖြိုးတိုးရေးကော်မတီမှ စစ်ကိုင်းဒေသကြီး ခရီးသွားလမ်းညွှန်မြေပုံကို ထုတ်ဝေခဲ့ပြီး ယခုလက်ရှိ တိုင်းဒေသကြီး အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ ပျောက်ကွယ်မသွားစေရန်နှင့်ဖော်ထုတ်ရန် ရည်ရွယ်၍ ယခင်က ထောက်ပံ့မှုမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ချင်း၊ရှမ်း၊ကဒူး၊ကနန်းတိုင်းရင်းသား ရိုးရာပွဲတော်များအတွက် ထောက်ပံ့ မှုများ ပြုလုပ်ပေးလျှက်ရှိနေကြောင်း သိရသည်။

 ယခုလ ၁၀ ရက်နေ့တွင် လေရှီးမြို့ အထွေထွေအုပ်ချုပ်ရေးမှုး ခန်းမ၌ ပွဲတော်ဖြစ်မြောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊လွှတ်တော်နှင့် နာဂဦးစီအဖွဲ့တို့မှ ပွဲတော်ဖြစ်မြောက်ရေးအတွက် ပထမအကြိမ် အစည်းအဝေးပြုလုပ်ခဲ့သည်။