NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဆိုက်ပရပ်စ်နိုင်ငံရဲ့ ကမ္ဘာ့နာမည်ကြီးစပျစ်ဝိုင်

.

စက်တင်ဘာ ၁၉ ။            ။ ဆိုက်ပရပ်စ်နိုင်ငံဟာ  ဥရောပတိုက်ရဲ့ ၀ိုင်ထုတ်လုပ်တဲ့ ဒေသတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပြီး အဆိုပါဒေသမှာ ရွှေရောင်၊ အနီရင့်ရောင်သန်းနေတဲ့ စိုက်ခင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံရှိ ကျေးရွာ ၁၄ ခုဟာ စက်တင်ဘာလတိုင်းမှာ Commandaria ၀ိုင်ထုတ်လုပ်ဖို့ တရားဝင်ခွင့်ပြုချက်ရရှိထားတယ်လို့ သိရပါတယ်။

“Commandaria ၀ိုင်ထုတ်လုပ်ဖို့ စပျစ်သီးတွေ မြန်မြန်ခြောက်ဖို့လိုတယ်။ မိုးများရင် စိုက်ပျိုးရတာ အဆင်မပြေဘူး။”လို့ လီမက်စ်စောလ် တောင်ပိုင်းဒေသ၊ တိုရော့စ်ရွာမှာ နေထိုင်တဲ့ ဖီလစ်ပိုစ်ကာစီရက်စ်က ပြောပါတယ်။

“ပုံမှန်ဆိုရင် အနီရောင် မဗ်ရိုနဲ့ အဖြူရောင် ဇိုင်နီစထရီ စပျစ်သီးတွေခြောက်ဖို့ ဆယ်ရက်လောက်အချိန်ယူရတယ်။ ၀ိုင်ထုတ်လုပ်ဖို့ဆိုတာ ရာသီဥတုနဲ့လည်း ဆိုင်တယ်။”လို့ ကာစီရက်စ်က ပြောပါတယ်။

Commandaria ၀ိုင်ကို ၀က်သစ်ချစည်ပိုင်းထဲမှာ အနည်းဆုံး နှစ်နှစ်ခန့် သိုလှောင်ထားရတာဖြစ်ပါတယ်။

ကာစီရက်စ်ရဲ့ Commandaria ၀ိုင်ကို ရုရှလူမျိုးတွေ အများဆုံးဝယ်ယူသောက်သုံးလေ့ရှိတယ်လို့ သိရပါတယ်။