NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အသက် ၆၃ နှစ်ရှိပြီဖြစ်ပေမယ့် ဘောလုံးကန်ခြင်းကို မစွန့်လွှတ်နိုင်သေးဘူးလို့ ဆိုတဲ့ တရုတ်က "မာရာဒိုနာ"

.

စက်တင်ဘာ ၁၉ ။        ။ တရုတ်နိုင်ငံက Zhao Chongshan အမည်ရ အမျိုးသားကတော့ ဘောလုံးကန်တာ အင်မတန် ၀ါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။ Zhao ကိုတော့ သူ့မိတ်ဆွေ အပေါင်းအသင်းတွေက "မာရာဒိုနာ" လို့ ခေါ်တတ်ကြပြီး တရုတ်မီဒီယာတွေကလည်း သူ့ကို "ဘောလုံးဝါသနာအိုး" လို့ ညွှန်းဆိုကြပါတယ်။

Zhao ကတော့ ခုဆိုရင် အသက် ၆၃ နှစ် ရှိပါပြီ။ ဒါပေမယ့် သူဟာ လက်ရှိမှာ တစ်ပတ်ကို သုံးပွဲ ဘောလုံးကစားနေဆဲ ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာပြီဖြစ်ပေမယ့် သူ့ဘောကန်ဖိနပ်တွေကို ချောင်ထိုးထားဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ဆိုပါတယ်။

နှစ်လိုဖွယ် အမူအရာ၊ အပြုံးချိုချို တို့ရှိတဲ့ Zhao ကတော့ တရုတ်အရှေ့ပိုင်း Zhejiang ပြည်နယ်မှာတော့ celebrity တစ်ဦး ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူ့အသက်အရွယ်နဲ့ မလိုက်တဲ့ ကြံ့ခိုင်သန်စွမ်းမှု၊ ဘောလုံးအပေါ် ရာသက်ပန် ချစ်ခင်မှု စတာတို့ကြောင့် ဖြစ်ပါတယ်။

" ကျွန်တော်ကတော့ ကျန်းမာရေးကောင်းသရွေ့ ဘောလုံးကန်နေဦးမှာပါပဲ၊ ခုချိန်ထိတော့ တစ်ပတ်ကို သုံးပွဲ ကစားရတာမှာ ဘာပြဿနာမှ မရှိသေးပါဘူး" လို့ Zhao က ပြောပါတယ်။

" ဒီ ဘောလုံးကန်တာက ၀ါသနာကို ပါတာပါ၊ ဒီလိုကန်နေရတာကို ကျွန်တော် ကြိုက်တယ်လေ၊ နောက်တစ်ခုက လူငယ်မျိုးဆက်တွေအတွက်ကတော့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာလို့ဆိုတော့ ကျွန်တော့် အသက်အရွယ်လိုမျိုးက ဒီလို ဘောလုံးကစားဖို့ဆိုတာ လွယ်တော့တာမှ မဟုတ်တာ" ဆိုပြီး ၎င်းက ပြောသွားပါတယ်။

Zhao လူငယ်ဘ၀တုန်းကတော့ လမ်းပေါ်မှာ ဖြစ်သလို ဘောလုံးကစားခဲ့ရပြီး သူ အသက် ၁၅ နှစ်လောက်မှာ တရုတ် Shaanxi ပြည်နယ်မြောက်ပိုင်း ကိုယ်စားပြုပြီး ပရော်ဖက်ရှင်နယ် ကန်ခဲ့ဖူးတယ်လို့ သိရပါတယ်။