NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အဓမ္မပြုကျင့်ခဲ့သည်ဟု သီဟတင်စိုးကို လိမ်လည်တိုင်ကြားထားသည့် ၃ ဦးအမှု မစစ်ဖြစ်

.

ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ စက်တင်ဘာလ ၁၉ ။        ။ အဓမ္မပြုကျင့်ခဲ့သည်ဟု သီဟတင်စိုးကို လိမ်လည်တိုင်ကြားထားသည့်  ခင်မာမြင့်အပါအဝင် ပွဲစားဖြစ်သူ ဒေါ်ညို၊ ထွန်းတောက် အကျိုးဆောင်လုပ်ငန်းရှင် ဒေါ်မြင့်တို့ ၃ ဦးအမှုအား မစစ်ဆေးဖြစ်ဘဲ လာမည့် အောက်တိုဘာလ ၃ ရက်နေ့အားပြန်လည်ချိန်းဆိုလိုက်သည်။

အဆိုပါအမှုကို သရုပ်ဆောင်ဇင်မာဦးက တရားလို လုပ်အမှုဖွင့်ထားခြင်းဖြစ်ပြီး ခင်မာမြင့်အပါ သုံးဦးအမှုကို စက်တင်ဘာ ၁၉ ရက်၊ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ထိုရုံးချိန်းတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ အမှုစစ် တွဲဘက်မြို့နယ်တရားသူကြီး(၁)က တိုင်းရုံးတွင် သင်တန်းသွားနေသဖြင့် မစစ်ဆေးဖြစ်ဘဲ မြို့နယ်တရားသူကြီးက အောက်တိုဘာ ၃ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ပယ်ချခဲ့သည့် ဒေါ်ညို၏ အာမခံလျှောက်ထားမှုမှာ ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးသို့ ပြင်ဆင်မှုထပ်မံတက်ရောက်ထားရာ မြို့နယ်တရားရုံးသို့ အမှုတွဲရောက်ရှိခြင်းမရှိသေးသဖြင့် အမှုအား မစစ်ဆေးဖြစ်ကြောင်း သိရသည်။ ဒေါ်ညို၏ အာမခံပြင်ဆင်မှုတက်ထားခြင်းကို ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းမရှိသေးကြောင်း ဒေါ်ညို ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေပြောပြချက်အရ သိရသည်။

"အမှုက မစစ်ရသေးတော့ ဘာမှပြောစရာမရှိဘူး "ဟု ရုံးချိန်းအပြီး အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်လာစဉ် ဒေါ်ညိုက သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်ခင်မာမြင့်သည် ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ပွဲစားဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင်လ ၅ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် သီဟတင်စိုး၏ ဇနီး ဖြစ်သူ ဒေါ်ဇင်မာဦးမရှိသည့်အချိန်တွင် သီဟတင်စိုးမှ သူ့အား အဓမ္မပြုကျင့်သည်ဟုဆိုကာ ပွဲစားဒေါ်ညိုသင်ပြ သည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးသည် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်အား အလိုမတူဘဲအဓမ္မပြုကျင့်သည်ဟု ဆိုကာ ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းတွင် ဒေါ်ခင်မာမြင့်က သုဝဏ္ဏနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် တရားလိုဖြစ်သူ အိမ်အကူဒေါ်ခင်မာမြင့်နှင့် အိမ်အကူပွဲစားဒေါ်ညို တို့ကို စစ်ဆေးရာမှ လိမ်လည်တိုင်ကြားကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ခင်မာမြင့် လျော်ကြေးသွားတောင်းစဉ်က အတူပါလာခဲ့သည့် လက်ရှိတွင်လည်း အမှုဖွင့်ထားသည့် အထွန်းတောက်အကျိုးဆောင်လုပ်ငန်းရှင် ဒေါ်မြင့်ဆိုသူမှာ လက်ရှိချိန်ထိ ထွက်ပြေးတိမ်း ရှောင်လျက်ရှိသည်။