ပြင်သစ်စစ်ဘုရင် နပိုလီယံ၏ စစ်လှေကို နေရာပြောင်းဖို့ ပြင်ဆင်

.

စက်တင်ဘာ ၁၉ ။          ။ ပြင်သစ်နိုင်ငံ ပါရီမြို့က အမျိုးသားရေတပ်ပြတိုက်မှာ ထားရှိပြသထားတဲ့ ပြင်သစ်စစ်ဘုရင် နပိုလီယံ ဘိုနာပတ်ရဲ့ စစ်လှေတစ်စင်းကို ယခုအခါ နေရာသစ်ဆီ ပြောင်းရွှေ့ဖို့ စီစဉ်နေလျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ သမိုင်းဝင် လှေကိုတော့ လွန်ခဲ့တဲ့ ၁၈၁၀ ပြည့်နှစ်က နပိုလီယံက ၎င်းရဲ့ စစ်ရေယာဉ်စုကို လှည့်လည်စစ်ဆေးတဲ့နေရာမှာ အသုံးပြုဖို့အတွက် လျှို့ဝှက်တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ လှေကို ပြင်သစ်အနောက်မြောက်ပိုင်းက Brittany ဒေသဆီ ရွှေ့ပြောင်းနေရာချဖို့ စီစဉ်နေပြီး ယင်းမတိုင်ခင် လှေပေါ်မှာ ရှိနေတဲ့ သရဖူကြီးကို အရင်ဆုံး လှေပေါ်ကနေ ဂရုတစိုက် ဖယ်ရှားနေရာပြောင်းမှုတွေကို အရင် လုပ်ဆောင်နေလျက်ရှိပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုပါ ပြတိုက်မှာ ရှိနေခဲ့တဲ့ အရွယ်အစား ၁၈ မီတာ ( ပေ ၆၀) ရှိ ယင်း လှေမှာတော့ သရဖူကြီးတစ်ခုအပြင် အမိုးပေါ်မှာ ၀၀ကစ်ကစ် ကလေးကောင်းကင်တမန်ရုပ်ထုလေးခုကိုထုထွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။

အဆိုပါ ကနူးလှေကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ Brittany ဒေသက Brest မြို့ဆီ ပြောင်းရွှေ့ပြသထားတော့မှာဖြစ်ပြီး ယင်းမတိုင်ခင် အလုံးစုံ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။