NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ကိုလံဘီယာနိုင်ငံတွင်း ၀င်ရောက်ခိုလှုံနေထိုင်ရန် ဗင်နီဇွဲလားသားအဖ ကြိုးပမ်း

.

စက်တင်ဘာ ၁၉ ။         ။ မသန်စွမ်းသူ ဗင်နီဇွဲလားနိုင်ငံသား ဂျို့စ်သြဂက်စတင်လိုပက်ဇ်ဟာ သားဖြစ်သူနဲ့အတူ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့မှာ ခိုလှုံနေထိုင်ဖို့အတွက် ဘီးတပ်ကုလားထိုင်နဲ့ ခရီးထွက်လာတာဖြစ်ပါတယ်။

ဖခင် ဂျို့စ်သြဂက်စတင်လိုပက်ဇ်ရဲ့ ဘီးတပ်ကုလားထိုင်ကို သားဖြစ်သူ ဂျက်ဖာဆန်အလက်စစ်ဘီရက်ဇ်က နောက်ကနေတွန်းပြီး နှစ်ယောက်သား ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့ကို သွားနေတယ်လို့ သိရပါတယ်။

“အရမ်းကို နာကျင်ခံစားရပါတယ်။ ဘီးတပ်ကုလားထိုင်နဲ့ ခရီးသွားတယ်ဆိုတာ။ ကုန်တင်ကားတွေ၊ ဆိုင်ကယ်တွေကို ဖြတ်လာရတာ။ ကျွန်တော်တို့ ဘယ်အချိန် ကားတိုက်ခံရမလဲမသိဘူး။”လို့ ဂျို့စ်သြဂက်စတင်က ပြောပါတယ်။

“ဗင်နီဇွဲလားမှာ ဘာဆေးမှမရှိဘူး။ အနာထည့်ဖို့ဆေးလည်းမရှိဘူး။ ကျွန်တော်တို့နိုင်ငံအခြေအနေက တော်တော်လေးကိုဆိုးဝါးနေပါပြီ။ ဗင်နီဇွဲလားရဲ့ ဆင်းရဲမှုနဲ့ ငတ်မွတ်မှုတွေ ပပျောက်စေဖို့ ကျွန်တော်မျှော်လင့်တယ်။ ဘိုဂိုတာရောက်ရင်တော့ ပိုက်ဆံရှာပြီး ဆေးတွေဝယ်နိုင်မယ်၊ စားဝတ်နေရေးအဆင်ပြေမယ်လို့ မျှော်လင့်တာပဲ။” လို့ ဂျို့စ်သြဂက်စတင်က ဆက်ပြောပါတယ်။

“အနာဂတ်မှာ အဆင်ပြေအောင် ကျွန်တော့်အဖေနဲ့အတူ ကြိုးစားသွားမယ်။ တကယ်လို့ ကိုလံဘီယာတစ်နိုင်ငံလုံးကို ဖြတ်သွားရမယ်ဆိုလည်း သွားမှာပဲ။”လို့ သားဖြစ်သူ ဂျက်ဖာဆန် အလက်စစ်ဘီရက်ဇ်က ပြောပါတယ်။