NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

မြောင်းမြတံတားသစ်ကို တံတားပြတ်ကျခဲ့သည့် တစ်နှစ်ပြည့်နေ့တွင် ဖွင့်မည်

.

မြောင်းမြတံတား ဆောက်လုပ်နေမှု အခြေနေ။ ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန
 

ပုသိမ်၊ စက်တင်ဘာ ၁၈ ။               ။ မြောင်းမြမြို့နယ်တွင် အသစ်တည်ဆောက်နေသည့်တံတားအား လာမည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ၀န်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားလိုက်သည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက် နေ့တွင် တိုင်းဒေသကြီးအစိုးရရုံးတွင် ကျင်းပပြုလုပ်သည့် နနွင်းဂရက်မြေယာ ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဧပြီလ ၁ ရက်နေ့မှာ မြောင်းမြတံတား ကျိုးသွားပါတယ်၊ မြောင်းမြတံတားနဲ့ ကပ်လျက် တံတားဆောက် နေပါတယ်၊ အဲဒီတံတားစီမံကိန်းက ၃ နှစ်ပါ။ ပထမတံတားက ၃ နှစ်ပြီးမှ ပြီးမှာပါ။ အခု ဧပြီလ ၁ ရက်နေ့ဆို ဖွင့်ပွဲလုပ်မယ် ” ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှအောင်မိုးက ပြောကြားသည်။

မြောင်းမြကြိုးတံတားသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် ပြတ်ကျခဲ့ခြင်းဖြစ်ပြီး ယင်းပြတ်ကျခဲ့သော တစ်နှစ်ပြည့်တိတိနေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြောင်းမြတံတားအသစ် တည်ဆောက်နေမှုသည်  ၅၂ရာခိုင်နှုန်း တည်ဆောက်ပြီးစီးကြောင်း သိရှိရသည်။

“ ပြီးအောင်လုပ်ရမယ်ဆိုတဲ့ နေရာမှာ အခြေခံလိုအပ်ချက်တွေလိုလာပြီ။ ပြီးနိုင်ဖို့အတွက် အချိန်က ချုံ့ရမယ်။ နည်းပညာ လိုလာမယ်၊ တောင့်တင်းခိုင်မာဖို့အတွက်  ပစ္စည်းအင်အားလိုမယ် ငွေအင်အား ဘတ်ဂျက်တွေ လိုလာမယ်။ ပညာရှင်တွေ လိုလာမယ်၊တစ်ချိန်တုန်းက ၈ နာရီ တစ်ဆိုင်းလုပ်ရင် ၂၄ နာရီလုပ်မယ်။ အဆိုင်း ထပ်တိုးမယ်။ ၃ နှစ်လုပ်မှပြီးမဲ့ဟာကို တစ်နှစ်တည်းနဲ့ ပြီးအောင် လုပ်ဆောင်နိုင်ခဲ့တယ်” ဟု  ၀န်ကြီးချုပ်က ပြောသည်။

မြောင်းမြကြိုးတံတား ပြတ်ကျသွားမှုကြောင့် အသစ်တည်ဆောက်နေသည့် မြောင်းမြတံတားသစ်စီမံကိန်းအား ၃ နှစ် တည်ဆောက်မည့်အစား ၁ နှစ်နှင့် ပြီးစီးအောင်တည်ဆောက်ခြင်းလည်း ဖြစ်သည်။

“ တံတားအထူးအဖွဲ့ ကို ညွန်ကြားချက်ပေးပြီးသားပါ။ တစ်ပတ်ကို ၃ ရာခိုင်နှုန်းတက်ဖို့ ပြောထားပြီးသားပါ အခုဆို ၅၂ ရာခိုင်နှုန်း ပြီးနေပြီ ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မြောင်းမြတံတားအသစ်တည်ဆောက်နေမှုအား မဇ္ဈိမသို့  ပြောသည်။

မြောင်းမြတံတားကို မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များ ကုန်စည်စီးဆင်းမှု ပြည်သူများ သွားလာမှု အတွက် အသုံးပြုနေသည့်တံတားလည်း ဖြစ်သည်။