NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဆီးရီးယားတပ်ဖွဲ့က မှားယွင်းပစ်ချတဲ့ စစ်လေယာဉ်အရေးမှာ ရုရှက အစ္စရေးကို လက်တုံ့ပြန်မယ်လို့ သတိပေး

.

မော်စကို၊ စက်တင်ဘာ ၁၈ ။            ။ ဆီးရီးယားမှာ ရုရှလေယာဉ်တစ်စီးကို ဆီးရီးယားစစ်တပ်က မှားယွင်းပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး ရုရှကာကွယ်ရေးဝန်ကြီးက အစ္စရေးလေတပ်အပေါ် အပြစ်လုံးလုံးတင်ကာ မော်စကိုအနေနဲ့ လက်တုံ့ပြန်သွားမယ်လို့လည်း ၎င်းနဲ့ အဆင့်တူ အစ္စရေးကာကွယ်ရေးဝန်ကြီးကို သတိပေးလိုက်ပါတယ်။

“ရုရှစစ်လေယာဉ် ပစ်ချခံရပြီး အမှုထမ်းတွေ သေဆုံးရတာအတွက် လုံးလုံးအပြစ်ရှိနေတာဟာ အစ္စရေးပါပဲ။”လို့ ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီးဆွိုင်ဂူက အစ္စရေးကာကွယ်ရေးဝန်ကြီး အီဗက်ဒေါ်လီဘာမန့်ကို တယ်လီဖုန်းကတစ်ဆင့် ပြောဆိုခဲ့တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြပါတယ်။

ရုရှနိုင်ငံအနေနဲ့ အစ္စရေးနိုင်ငံကို ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ကြဉ်ပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းထားခဲ့ကြောင်း၊ ဆီးရီးယားက ရုရှစစ်မှုထမ်းတွေ ဘေးကင်းဖို့အတွက် တိုက်တွန်းနေခဲ့ရခြင်း ဖြစ်ကြောင်း ဆွိုင်ဂူက ပြောပါတယ်။

“အစ္စရေးစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ရုရှ-အစ္စရေး မိတ်ဖက်ပြုမှုကို ခေါင်းထဲ မထားတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို တုံ့ပြန်ရဖို့ အခွင့်အလမ်း ရှိတယ်။”လို့ သူက ပြောပါတယ်။

ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ဆီးရီးယားမှာ စစ်မဲ့ဇုန်တစ်ရပ် ထူထောင်ရေး သဘောတူညီမှု ရခဲ့ကြပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှစစ်မှုထမ်း ၁၅ ဦး သေဆုံးတဲ့ ဒီလေယာဉ်ပစ်ချခံရမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။