NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဟံသာဝတီနှင့် ရတနာပုံအသင်းတို့ ပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်ချမှတ်

.

ဓာတ်ပုံ - MNL

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ပဲခူးမြို့ Grand Royal Stadium မှာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၁ အဖြစ် ဟံသာဝတီယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲမှာ ပွဲချိန်အတွင်း ကွင်းအတွင်းသို့ အရာဝတ္ထုများနဲ့ ပစ်ပေါက်ခဲ့တဲ့ ဟံသာဝတီအသင်း ပရိသတ်များရဲ့ အပြုအမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပွဲစဉ်ရဲ့ ပွဲချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်ကစားသမားများရဲ့ အငြင်းပွားမှုများအပေါ် ဟံသာဝတီအသင်း ပရိသတ်များအနေနဲ့ ခံစားချက် ပြင်းထန်ခဲ့ပြီး ကွင်းအတွင်းသို့ ရေဗူးများ၊ ခဲများနဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့ကြောင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ စက်တင်ဘာ ၁၈ ရက် (ယနေ့) မနက် ၁၀ နာရီက အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နဲ့ ဒိုင်လူကြီးများရဲ့ အစီရင်ခံစားများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးအနောက် အခုလိုပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အိမ်ရှင် ဟံသာဝတီယူနိုက်တက်အသင်းကို MNL I & II Regulations 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းအပိုဒ် (၆) (က)၊ (ဆ) နှင့် (ဈ) တို့ကို ကျူးလွန်ခဲ့တာကြောင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၅) အရ ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်း ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Ref; MNL