အေဂျင်စီနှင့် လက်တွဲဖြုတ်ရန် ဆုံးဖြတ်ခဲ့တဲ့ ရိန်း

အေဂျင်စီနှင့် လက်တွဲဖြုတ်ရန် ဆုံးဖြတ်ခဲ့တဲ့ ရိန်း

ဆိုးလ်၊ စက်တင်ဘာ ၇ ။          ။ တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် ရိန်းသည် ၎င်း၏ အေဂျင်စီဖြစ်သော Cube Entertainment အေဂျင်စီနှင့် စာချုပ်ထပ်မံ မချုပ်ဆိုရန် ဆုံးဖြတ်ခဲ့သည်။

“ ရိန်းဟာ အေဂျင်စီ အကြီးအကဲ ဟောင်ဆောင်ဆန်နှင့် အချိန်အကြာကြီး ဆွေနွေးမှုတွေ ပြုလုပ်ခဲ့တယ်။ ဆွေးနွေးမှု ပြုလုပ်ပြီးနောက်မှာတော့ ရိန်းက Cube  Entertainment အေဂျင်စီနဲ့ လက်တွဲဖြုတ်ဖို့ စဉ်းစားခဲ့တာ ဖြစ်တယ်။ အေဂျင်စီရဲ့ ထောက်ပံ့မှုတွေအားလုံးအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ မကြာမီ ကျွန်တော့်ရဲ့ အနာဂတ်အစီစဉ်ကို ကြေညာသွားမှာပါ” ဟု ရိန်းက စက်တင်ဘာ ၇ ရက်တွင် Instagram တွင် ပြောကြားသည်။

ရိန်းသည် စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ပြီးနောက် ၂၀၁၃ ခုနှစ်က Cube Entertainment အေဂျင်စီနှင့် လက်တွဲ အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၃၄ နှစ်အရွယ်ရှိ ရိန်းသည် လက်ရှိအချိန် တွင် တရုတ်ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား Diamond Lover တွင် ပါဝင်သရုပ်ဆောင်လျက် ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly