NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တစ်ပတ်ရစ်ကားအရောင်းအ၀ယ်ဈေးကွက် ဈေးကွက်ပျက်သည့် အနေအထားများ ဖြစ်ပေါ်

.

နိုင်ငံခြားမှ တင်သွင်းသည့် တစ်ပါတ်ရစ်ကားများကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ)

စက်တင်ဘာ ၁၇ ။                 ။ ရန်ကုန်တစ်ပတ်ရစ်ကားအရောင်းအ၀ယ်ရောင်းဈေးကွက်တွင် ၀ယ်ယူသူမရှိသလောက်နည်းနေပြီး ဈေးကွက် ပျက်သည့် အနေအထားမျိုးကြုံတွေ့နေရကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းဝယ်ရေးလုပ်ကိုင်နေသူများ ထံမှ သတင်းရရှိသည်။

ပြည်တွင်းကားအရောင်းအ၀ယ်ဈေးကွက်တွင် အင်ဂျင်ပါဝါနိမ့်သည့် အိမ်စီးကားလေးများသာ အရောင်းအ၀ယ် ရှိနေပြီး တန်ဖိုးမြင့်ကားများ၏ အရောင်းအ၀ယ်မှာ အေးနေကြောင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။

“ကားအရောင်းအ၀ယ်အခြေအနေက လုံးဝမကောင်းဘူး။ ဒေါ်လာဈေးတက်၊ ရွှေဈေးတွေတက်တော့ ကားဈေး တွေကလည်း ဈေးချရောင်းတာတောင်ဝယ်မယ့်လူမရှိဘူးဖြစ်နေတယ်။ ဈေးကွက်က လုံးဝ ပျက်သွားသလိုဖြစ်နေတယ်” ဟု ဦးအောင်သန်းဝင်း ကဆိုသည်။

လက်ရှိဈေးကွက်တွင် ကျပ်သိန်း ၁၀၀ကျော်ဝန်းကျင်ရှိသော အိမ်စီးကားလေးများဖြစ်သည့် ဟွန်ဒါ ဖစ်၊ တိုယိုတာ ဘယ်လ်တာ၊ ပရိုဘောက်စ် စသော ကားလေးများအရောင်းအ၀ယ်ရှိကြောင်း သိရသည်။

ကားအရောင်းအ၀ယ်သည် အေးနေခြင်းကြောင့် ဈေးကွက်အလာမကောင်းဘဲ အငှားယာဉ် (Taxi) ဈေးကွက် သည်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုများကြောင့် အခက်အခဲများကြုံတွေ့ရကြောင်း သိရသည်။ ထို့ အပြင် နယ်အ၀ယ်များလည်းမရှိသောကြောင့် အင်ဂျင်ပါဝါမြင့် ဖိုးဝှီးကားများသည် အရောင်းအ၀ယ် ပျောက်နေ ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းဝယ်သူများက ဆက်ပြောသည်။

“ကားဈေးကွက်ကတော့ ကျပ်သိန်း ၂၀၀ကျော် ဘရန်းနယူကားလေးတွေကတော့ အရောင်းအ၀ယ်ဖြစ်နေ တယ်။ ဒီကားလေးတွေက ဘရန်းနယူးလည်းဖြစ်တယ်။ အာမခံ ၃နှစ်ရှိတော့ အရောင်းအ၀ယ်ဖြစ်တယ်။ Use ကားအရောင်းအ၀ယ်ကတော့ နောက်ပိုင်းမှာ နည်းလာနိုင်တယ်” ဟု KL Seven ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက် ကိုကြည်သာဟန် ကပြောသည်။

လက်ရှိအချိန်တွင် တစ်ပတ်ရစ်ကားဝယ်ရောင်းဈေးကွက်တွင် အရောင်းအ၀ယ်အေးနေသော်လည်း ဘရန်းနယူး ကားအရောင်းစင်တာများတွင် ရန်ကုန်လိုင်စင် ဘရန်နယူးကားများ အရောင်းအ၀ယ်ဖြစ်နေပြီး နောက်ပိုင်းတွင် ဂျပန်မှတင်သွင်းလာသော တစ်ပတ်ရစ်ကားများသည်း အရောင်းအ၀ယ်ကျဆင်းမှုများကြုံတွေနိုင်ကြောင်း သိရ သည်။