ဖျော်ဖြေပွဲကို ၂ ရက်တိုးဖို့ စဉ်းစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

.

စက်တင်ဘာ ၁၆ ။             ။ စက်တင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဂျန်းရှင်းစီးတီးမှာ လူတစ်ဦးကို လက်မှတ် ၂ စောင်နှုန်း ရောင်းချခဲ့တာ ဖြစ်ပြီး ၀ယ်ယူမှုများတာကြောင့် ကျင်းပမဲ့ပွဲကို ၂ ရက်တိုးဖို့ စဉ်းစားနေတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပမဲ့  “ ပြီးခဲ့သော ဇာတ်လမ်း အကျဉ်း” ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲလက်မှတ်တွေ ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်မှာ ရောင်းချတာမှာ အားလုံး ရောင်းကုန်သွားပြီလို့ သိရပါတယ်။

“ လက်မှတ်အားလုံး ချက်ချင်းကုန်သွားပါပြီ။ ဒီနေ့မရလိုက်တဲ့ ပရိသတ်များကို အထူးတောင်းပန်ပါတယ် ။ ကျေးဇူးလည်းတင်ပါတယ်။ လက်မှတ် မရလိုက်တဲ့ ပရိသတ်များခင်ဗျာ။ ကျွန်တော်တို့ တစ်ရက် ထပ်တိုးနိုင်အောင် တိုင်ပင်နေပါတယ်။ အရှေ့တစ်ရက်တိုးသင့် ၊ အနောက်တစ်ရက်တိုးသင့် ဝိုင်းဝန်း စဉ်းစားအကြံပေးပါဦး။ လက်မှတ်ကုန်သွားလို့ ပျော်လည်းပျော်တယ် ။ ၂ ရက်ဆက်ဆိုရရင် ပွဲပန်းနိုင်ပေမယ့် ဖြစ်အောင်ကြိုးစားပါ့မယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က လူမှုကွန်ရက်မှာ ပြောထားပါတယ်။

ကျန်ရှိတဲ့လက်မှတ်တွေကိုတော့ မြန်ပွဲ( Myanpwel -Hotline -09 445 151010 ) မှာ ဆက်လက် ရောင်းချသွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်း၊ ၅ သောင်း နဲ့ VIP တို့ ဖြစ်ပါတယ်။

“ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” လို့ အမည်ပေးထားသော ရှိုးပွဲမှာ တေးသီချင်းစုစုပေါင်း အပုဒ် ၃၀ ခန့်ကို သီဆိုမှာ ဖြစ်ပြီး တေးသံရှင် ဓီရာမိုရ်ရဲ့ တီးဝိုင်းနဲ့အတူ Dreams Lover တီးဝိုင်းတို့နဲ့ ပူးပေါင်းတင်ဆက် သွားမှာလည်း ဖြစ်ပါတယ်။