အရက်မူးပြီး အရှိန်လွန် ကားမောင်းခဲ့တဲ့ စပါးဂိုးသမား လိုရစ် ဒဏ်ငွေနဲ့ ပြစ်ဒဏ် ချမှတ်ခံရ

.

(ဓာတ်ပုံ- အီးပီအေ)

ကမ္ဘာ့ဖလားဆု ဆွတ်ခူးခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဂိုးသမား ဟူဂိုလိုရစ်ဟာ အရက်မူးပြီး ကားမောင်းခဲ့တယ်လို့ တရားရုံးမှာ ဝန်ခံလိုက်ပြီဖြစ်တာကြောင့် ကားမောင်းခွင့် လ ၂၀ ပိတ်ပင်ခံလိုက်ရပြီး ဒဏ်ကြေးအနေနဲ့ ပေါင် ၅၀၀၀၀ ချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

စပါးဂိုးသမားဟာ လိုရစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက လန်ဒန်မှာ ကစားမောင်းနေရင်း သောက်သုံးရန် သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ကာ အရက်သောက်ပြီး ကားမောင်းခဲ့တာကြောင့် အခုလို တရားစွဲဆိုခံရတာဖြစ်ပါတယ်။

အသက် ၃၁ နှစ်ရှိ ဂိုးသမားဟာ အစောပိုင်းကာလက အရန်အလွန်အကျွံသောက်သုံးခဲ့ခြင်း မရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အရက်အနည်းငယ် သောက်သုံးခဲ့ပြီး သတ်မှတ်အမြန်နှုန်းအတွင်းသာ မောင်းနှင်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တဲ့အတွက် အခုလို အရေးယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဝေးလ်နိုင်ငံတွေမှာ ယာဉ်စည်းမျဉ်းများမှာ အရက်သောက်သုံးပြီး ယာဉ်မောင်းမယ့်သူအနေနဲ့ သွေးထဲမှာ အရက်ပမာဏ ၃၅ မိုက်ခရိုဂရမ်အထိသာ တရားဝင်အဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမယ့် လိုရစ်ဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ သွေးအတွင်း အရက်ပမာဏ ၈၀ မိုက်ခရိုဂရမ်အထိ ရှိနေခဲ့တာကြောင့် အခုလို အရေးယူမှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

လိုရစ်ဟာ စပါးအသင်းနဲပအတူ ပွဲပေါင်း ၂၅၀ ကျော် ကစားထားသူဖြစ်ပါတယ်။

Ref; EFE-EPA

Tags: